အခန်း(၂၆) အ၀တ်အစားအသစ်များ

5.8K 865 12
                                    

အခန်း(၂၆) အ၀တ်အစားအသစ်များ

" ဆိုင်စောင့်ကြည့်ဖို့လား? ဘာဆိုင်လဲ?

"ခရိုင်မြို့လမ်းဆုံက ဆိုင်ငယ်လေး" ဟု ရွှီကျောက်က ပြန်ဖြေလေ၏။

"မင်း အမေ့ကို စောင့်ကြည့်စေချင်တာလား? " ရွှီမားမားသည် ရွှီကျောက်အား မယုံကြည်နိုင်ဖြစ်နေသည့် အမူအရာနှင့် ကြည့်လိုက်၏။ မွေးကတည်းက ရွာမှာနေထိုင်ခဲ့သည့် လူတစ်ယောက်အနေနှင့် ခရိုင်မြို့ကိုသွားရသည့် အကြိမ်အရေအတွက်ကို လက်တဖက်နှင့်  ရေတွက်နိုင်လေသည်။ ဆိုင်ကို‌စောင့်ကြည့်ဖို့နှင့် ပစ္စည်းများကိုရောင်းဖို့ ခရိုင်မြို့ကို သမအနေဖြင့် ဘယ်လိုသွားနိုင်ပါမည်နည်း? သူမ ဒုက္ခရောက်လိမ့်မည် မဟုတ်ဘူးလား?

ရွှီကျောက်သည် ခေါင်းညိတ်ပြီး ပြောလိုက်၏။ " ဟုတ်တယ် "

“ သားက အမေလုပ်နိုင်မယ်လို့ ထင်လို့လား? ” ရွှီမားမားက ပြုံးပြီး မေးလိုက်သည်။

" ဟုတ်ကဲ့ "

“အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့” ရွှီမားမားသည် ပြုံးပြီးဆိုလေ၏။ “မင်းက အမေ့ကို လယ်လုပ်ပြီး ဂျုံခုတ်စေချင်ရင် အမေလုပ်နိုင်တယ်။ ဒါပေမယ့် သေချာပေါက် ဆိုင်ကိုတော့ မစောင့်ကြည့်နိုင်ဘူး။ အမေဖတ်နိုင်တဲ့ စကားလုံး ပမာဏက 20 ထက်နည်းတယ်။ ဆိုင်ကိုဘယ်လိုစောင့်ကြည့်ရမလဲ? "

"ဒါပေမယ့် မား၊ အမေက အရမ်းဉာဏ်ကောင်းပြီး အရည်အချင်းရှိတယ် " ဟု ရွှီကျောက် ပြုံးပြီး ပြောလိုက်၏။

" ငါက ဘယ်လိုဉာဏ်ကောင်းပြီး အရည်အချင်းရှိမှာလဲ? "

“ အမေက စာရင်းတွေ ရှင်းနိုင်တယ်၊ စကားပြောနည်းကိုသိတယ် ပြီးတော့ အိမ်မှုကိစ္စတွေလည်း လုပ်နိုင်တယ်”

“ အဲ့ဒါနဲ့ ခရိုင်မြို့ကို ပစ္စည်းတွေရောင်းဖို့ သွားတာနဲ့တော့ ဘယ်လိုယှဉ်နိုင်မလဲ? ”

"ဘာလို့မဖြစ်နိုင်တာလဲ? ဒီအရာ‌တွေက ပစ္စည်းတွေရောင်းတာထက် ပိုအံ့သြစရာကောင်းတယ်။ မား၊ အမေ ကျွန်တော့်ကိုမကူညီဘူးလား? "

"ရွှီကျောက်၊ မင်း အလေးအနက်ထားနေတာ မဟုတ်ဘူးမလား? " ဟု မေးရင်း ရွှီမားမား၏ လက်များ ရပ်တန့်သွားလေ၏။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now