အခန်း(၄၃) ဆောင်းဦးလလယ်ပွဲတော်

4.3K 673 14
                                    

အခန်း(၄၃) ဆောင်းဦးလလယ်ပွဲတော်

ရွှီဖန်

ရွှီကျောက် လန့်သွားပြီး စက်ဘီးကို အချိန်မီ မရပ်နိုင်တော့ချေ။ သူ စက်ဘီးကို ဘေးဘက်သို့ တိုက်ရိုက်ပစ်ချလိုက်ပြီး ရွှီဖန်၏ နံဘေးဆီသို့ ပြေးသွားခဲ့လေ၏။ ငုံ့ကိုင်းကာ ရွှီဖန်၏ဒူးပေါ်ရှိ ဒဏ်ရာကို ဂရုတစိုက် စစ်ဆေးကာ အလျင်စလိုမေးလိုက်၏။ “ သား ဘယ်နားကို ထိခိုက်သွားသေးလဲ ”

[TN : ဒီမှာ လေ မျက်လုံးထဲကို မြင်ယောင်မိပြီး မျက်ရည်ကျမိတယ် သိလား။ ရွှီကျောက်က အစက သူ့သားလေးကို ပြုံးပြီးကြည့်နေတာ။ သူ့သားလေး ချော်လဲသွားတော့ သူ့ခမျာ ကိုင်ထားတဲ့ စက်ဘီးကိုတောင် ဒေါက်မထောက်နိုင်တော့ဘဲ ပစ်ချပြီး သူ့သားလေးဆီကို ပြေးသွားခဲ့တာ။ 😭 ကိုယ့်အတွက် ဒီနိုဗယ်လ်လေးကလေ အရမ်းကိုမှ နွေးထွေးနေကောပဲ။ ဖြည်းဖြည်းချင်း ဖတ်ပြီး ရွှီကျောက်ရဲ့ သူ့သားလေးအတွက် ပေးဆပ်ပုံကိုလေ သေသေချာချာလေးမြင်ရမယ်။ တယ့်ကို healing and warming type လေးပါ 💞]

“သားလက်‌တွေကို ” ဟု ရွှီဖန်က ငိုလေ၏။

ရွှီကျောက်သည် ရွှီဖန်၏လက်သေးသေးလေးကို ဆုပ်ကိုင်လိုက်ပြီး မေးလိုက်၏။ “တခြားဘယ်မှာရှိ‌သေးလဲ”

“ပြီး-ပြီးတော့…” ရွှီဖန်က သူ့လက်မောင်းများကို ကြည့်လိုက်ပြီး ငိုလေ၏။ စုတ်ပြဲဒဏ်ရာများ မတွေ့ရတော့ဘဲ မနာကျင်တော့သဖြင့် မျက်ရည်တောင်မကျဘဲ နှစ်ခါလောက် ရှိုက်လိုက်ပြီး ဆိုလေ၏။
“မဟုတ်ဘူး”

သူ့ ခြေထောက်နှင့် လက်များတွင်သာ အရေပြား အနည်းငယ် ပြဲသွားသောကြောင့် ၎င်းသည် ကြီးကြီးမားမားတော့ မဟုတ်ပါချေ။

ရွှီဖန်၏ ခန္ဓာကိုယ်၊ ရွှီဖန်၏ မျက်နှာ၊ သူ့ခေါင်းလေးကို စစ်ဆေးပြီးနောက် တခြားနေရာ ထပ်မရှိတော့ချေ။ ရွှီကျောက် ချက်ချင်း သက်ပြင်းချလိုက်၏။ သူ အလွန်ထိတ်လန့်သွားခဲ့ရလေသည်။

ထိုအချိန်၌ ရွှီဖန်သည် တကယ်မနာကျင်တော့ဘူးဟု ခံစားလိုက်ရပြီး ဖြည်းဖြည်းချင်း အငိုတိတ်သွားလေ၏။

ရွှီကျောက်က စိတ်သက်သာရာ ရသွားခဲ့လေ၏။ သူ ရွှီဖန်၏မျက်ရည်များကို သုတ်ပေးရင်း မေးလိုက်၏။ " ဘာလို့ ဒီလောက်မြန်မြန် ပြေးလာရတာလဲ "

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now