အခန်း(၁၄၆) အချပ်ပို-၈

2.7K 411 3
                                    

အခန်း(၁၄၆) အချပ်ပို-၈

စစ်ဝါ၏ ခြိမ်းခြောက်မှု ပြီးသွားသည်နှင့် ရွှီကျောက်နှင့် စွေ့တင်းချန်တို့ ပြန်ရောက်လာကြလေ၏။ နေ့တိုင်း ငိုနေတတ်သည့် စစ်ဝါ၏ ပြင်းထန်နေသော အသွင်အပြင်ကို ကြည့်ပြီး စွေ့တင်းချန် သိချင်စွာနှင့် မေးလိုက်၏။ " သားဘာလုပ်နေတာလဲ"

ရွှီဖန်သည် ခေါင်းလှည့်ပြီး လှမ်းကြည့်လာလေ၏။

ရွှီမားမားသည် အခြေအနေအကြောင်းကို ပြောပြဖို့လုပ်သောအခါ စစ်ဝါသည် ပါးစပ်ကိုဖွင့်ပြီး စတင်ငိုလေတော့၏။ သူသည် လက်နှစ်ဖက်ကို မြှောက်ပြီး စွေ့တင်းချန်ဆီသို့ ပြေးသွားလေ၏။

သူသည် တကယ်စကားမပြောနိုင်‌သောကြောင့် သူပြေးသွားလိုက်လေ၏။

"ဘာကိစ္စရှိလို့လဲ ပေါင်ပေ့" စွေ့တင်းချန်သည် စစ်ဝါကို ကောက်ချီပြီး မေးလိုက်လေ၏။

စစ်ဝါသည် စွေ့တင်းချန်၏လက်များကို မှီ၍ စကားမပြောနိုင်ချေ။

စွေ့တင်းချန်သည် ရွှီမားမားကို ကြည့်လိုက်လေ၏။ " အမေ၊ ဘာဖြစ်တာလဲ "

ရွှီမားမားသည် ယခုလေးတင်ဖြစ်သွားသည့် အခြေအနေကို ရှင်းပြလိုက်ပြီးနောက် ပြောလိုက်၏။ "သူက အမေ ဆန်းဝါကို ရိုက်မယ်လို့ ထင်နေလို့၊ အရမ်းတင်းမာနေတာဖြစ်မယ် "

စွေ့တင်းချန် ပြုံးလိုက်၏။

ရွှီမားမားလည်း ပြုံးနေခဲ့လေ၏။

ရွှီဖန်သည် ရောက်လာပြီး စစ်ဝါ၏ ပြည့်ပြည့်ဖောင်းဖောင်းလက်ကလေးကို ဆွဲလိုက်ပြီး ပြောလိုက်၏။ " စစ်ဝါ၊ အဖွားက ကောကောကို မရိုက်ပါဘူး။ အဖွားက ကောကောကို ချစ်တယ်။ အဖွားက စစ်ဝါကိုလည်း ချစ်တယ်။ မငိုနဲ့နော် "

စစ်ဝါသည် စွေ့တင်းချန်၏ လက်မောင်းများထဲတွင် လှဲနေပြီး ရွှီဖန်ကို ကြည့်နေခဲ့လေ၏။

ရွှီဖန်က ပြောလိုက်၏။ " လာခဲ့၊ ကောကောက မင်းကို စာရေးဖို့ ခေါ်သွားပေးမယ် "

စစ်ဝါ ချက်ချင်းပင် ဆင်းလာရန် ရုန်းကန်လေ၏။ ဆင်းလာပြီးနောက် သူ့ကောကော၏လက်ကိုဆွဲပြီး နံရံအောက်ခြေနားသို့ သူ့ကောကောနှင့်အတူ လမ်းလျှောက်သွားလေ၏။ ထိုအချိန်၌ စွေ့တင်းချန်သည် နှင်းလိုဖြူဖွေးသောနံရံသည် သွားနှင့် လက်သည်းများနှင့် သရဲပန်းချီကားတစ်ချပ်နှင့်တူနေကြောင်း သတိပြုမိလိုက်လေ၏။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now