အခန်း(၁၁၃) ဆေးတိုက်

3K 541 8
                                    


အခန်း(၁၁၃) ဆေးတိုက်





ရွှီဖန်၏ နူးညံ့သော နို့သံလေးသည် ကျယ်လောင်ပြီး အားကောင်းနေလေသည်။ ရွှီမားမား ကြောင်တက်တက်ဖြစ်နေကာ တုန်လှုပ်သွားရုံသာမက - စွေ့တင်းချန်သည် ရွှီကျောက်ကို ပွေ့ဖက်ထားသည်ကို ရွှီမားမားကိုလည်း သတိရသွားစေလေသည်။


ရွှီမားမားသည် သူမ၏ အလျင်အမြန်နားလည်နိုင်စွမ်းကြောင့် ရုတ်တရက် အံ့အားသင့်သွားလေတော့၏။ လျင်မြန်စွာ ခွဲခွာသွားကြသော ရွှီကျောက် နှင့် စွေ့တင်းချန်တို့ကို ကြည့်ပြီး မေးလိုက်လေတော့၏။ "မင်းတို့ ဘာလုပ်နေကြတာလဲ"


ရွှီကျောက်၏မျက်နှာသည် နီရဲနေပြီး မည်သို့ပြန်ဖြေရမည်ကိုမသိတော့ချေ။


ကိစ္စများ ဖြစ်လာသဖြင့် ဖုံးကွယ်ထားစရာအကြောင်းမရှိချေ။ စွေ့တင်းချန်က ၀န်ခံလိုက်လေ၏။ " ‌ဒေါ်လေးရွှီ၊ ကျွန်တော်တို့ ချိန်းတွေ့နေပါတယ်"


ချိန်းတွေ့နေတာလား။


စွေ့မိသားစုရဲ့ အငယ်ဆုံးဦးလေးနှင့် ချိန်းတွေ့နေတာလား။


ရွှီကျောက်နဲ့ စွေ့မိသားစု၏ အငယ်ဆုံးဦးလေး ချိန်းတွေ့နေကြတာလား။


စွေ့မိသားစု၏ အငယ်ဆုံးဦးလေးသည်လည်း သူမအား " ဒေါ်လေးရွှီ" ဟုခေါ်ဆိုပုံကိုလည်း ပြောင်းလဲခဲ့ လေသည်။


ဤမေးခွန်းများသည် သူမစိတ်ထဲတွင် လည်ပတ်နေပြီး ရွှီမားမားကို တုန်လှုပ်သွားစေလေသည်။ အချိန်တိုလေးအတွင်းမှာပင် ရွှီမားမားသည် ဤအရာအားလုံးကို ချက်ချင်းလက်ခံရန် ခက်ခဲခဲ့လေသည်။ သူမ၏ သဘောထားကွဲလွဲသော အမူအရာများကို ရွှီကျောက် နှင့် စွေ့တင်းချန်တို့ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။


စွေ့တင်းချန်၏ နှလုံးသား ဆောင့်ခုန်သွားလေ၏။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Donde viven las historias. Descúbrelo ahora