အခန်း(၂၀) မိုးရွာသည့်နေ့အတွက် ကြိုတင်ပြင်ဆင်ခြင်း

5.9K 904 18
                                    

အခန်း(၂၀) မိုးရွာသည့်နေ့အတွက် ကြိုတင်ပြင်ဆင်ခြင်း

စစ်ဆေးရေးမှူး ဖြည်းညှင်းစွာ မြည်းစမ်းကြည့်နေသည်ကို မြင်ပြီး ရွှီကျောက်၊ သကျွမ်း၏အဖေ နှင့် ရွှီဖန်နှင့် သကျွမ်းတို့တောင်မှ စစ်ဆေးရေးမှူးပြောလာမယ့်စကားကို စောင့်မျှော်ရင်း အသက်ရှူကြပ်သွားကြ‌လေ၏။

သို့သော်လည်း စစ်ဆေးရေးမှူးသည် စကားမပြောဘဲ ဖောက်တံဖြင့်သာ သူတို့၏ အိတ်တစ်လုံးစီကို တစ်ခုပြီးတစ်ခု ဆက်ထိုးကြည့်တေလေ၏။ ထို့နောက် သေသေချာချာ စစ်ဆေးကာ မြည်းစမ်းကြည့်ပြီး ခေါင်းမမော့လာဘဲ ပြောလိုက်၏။ "သွားချိန်တွယ်"

ချိန်တွယ်ရမယ် ?

အဲ့ဒါက ဘာကိုဆိုလိုတာလဲ?

ရွှီကျောက် ပြန်ဖြေသည်ကို မစောင့်ဘဲ သကျွမ်း၏အဖေက ပျော်ရွှင်စွာ ပြောလေ၏။ " ငါတို့ ကျော်သွားပြီ! ရွှီကျောက် လာ၊ အဲဒါတွေကို ချိန်တွယ်ဖို့ စကေးပေါ်တင်လိုက်ကြရအောင် "

"ကျွန်တော်တို့ စစ်ဆေးမှုပြီးသွားပြီလား? " ရွှီကျောက်သည် အံ့သြစွာ မေးလိုက်၏။

" ငါတို့ ပြီးပြီ! မြန်မြန်လုပ်!"

ရွှီကျောက်နှင့် သကျွမ်း၏အဖေတို့သည် ဂျံတ်စအိတ်ချင်းစီကို ချိန်တွယ်ရန် စကေးပေါ် အလျင်စလို တင်ကြလေ၏။ ရွှီကျောက်သည် မူလက ဂျုံ 125 ကတ်တီကိုသာ ချိန်တွယ်ဖို့ လိုအပ်ခဲ့သော်လည်း အိမ်ရှိစကေးကြီးသည် အမှားအယွင်းတစ်ခုခု ရှိနေမည်ကို စိုးရိမ်နေခဲ့သဖြင့် သူသည် 140 ကတ်တီ ယူလာခဲ့ပါလေသည်။ ရလဒ်အနေဖြင့် ဆန်စပါးထောက်ပံ့ရေးစခန်းမှ ဂျုံ ငါးကတ်တီကို သူ့အားပြန်ပေးခဲ့ကာ သူ့နှင့်ရွှီပါးပါးတို့၏ ကောက်နှံခွန်ကို လက်ခံခဲ့ပြီး အခွန်ပေးဆောင်ပြီးကြောင်း အတည်ပြုရန် ကောက်နှံအခွန်ပုံစံ နှစ်စောင်ပေးခဲ့သည်။

ဆန်စပါးထောက်ပံ့ရေးစခန်းမှ လှည်းကိုပြန်တွန်းလာကြစဉ် ရွှီကျောက်သည် သူ့တစ်ကိုယ်လုံး ပေါ့ပါးသွားလေ၏။ သူသည် သကျွမ်း၏အဖေကို သူ ရွှီပါးပါးနှင့်မားမားတို့ထံ သွားရန်လိုကြောင်း အသိပေးကာ စကားအနည်းငယ်ပြောပြီး စွေ့ချင်းဖုန့်နှင့် ရွှီဖန်တို့ကို ခရိုင်ဆေးရုံသို့ ဦးဆောင် ခေါ်သွားခဲ့လေ၏။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now