အခန်း(၇၇) နှင်း

3.7K 608 29
                                    

အခန်း(၇၇) နှင်း

ဘယ်လိုတောင် နေရခက်လိုက်သလဲတဲ့လား။

သုံးနှစ်သားအရွယ်ကလေးငယ်သည် “နေရခက်တယ်” ဟူသော စကားလုံး၏ အဓိပ္ပါယ်ကို အမှန်တကယ်ပင် နားလည်ခဲ့သည်။ ဤသည်မှာ စွေ့တင်းချန်အား ရယ်ရမလား ငိုရမည်လား မသိအောင်ဖြစ်သွားစေသည်။ ရွှီကျောက်သည် ရွှီဖန်ကို အဝေးသို့ ခေါ်ဆောင်သွားသောအခါ စွေ့တင်းချန်၏ အတွေးများသည် ဝေ့ဝဲနေဆဲပင်။ “ဘယ်လိုတောင် နေရခက်လိုက်သလဲ” ဆိုသည့် အသံသည် သူ့အတွက် အလွန်ရယ်စရာကောင်းပြီး သူ့နှုတ်ခမ်းထောင့် မထိန်းနိုင်ဘဲ ကော့တက်လာခဲ့သည်။

" တင်းချန် " ထိုအချိန်တွင် စွေ့မားမားသည် စကားပြောရန် ရောက်လာလေ၏။

စွေ့တင်းချန်သည် စွေ့မားမားကို မော့ကြည့်လိုက်၏။

စွေ့မားမားက ပြုံးပြီး မေးလိုက်၏။ " မင်း ဘာတွေ ရယ်နေတာလဲ "

စွေ့တင်းချန်က အမှန်အတိုင်းဖြေလိုက်၏။ " ရွှီဖန်ကိုလေ "

စွေ့မားမားသည် ချက်ချင်း လှည့်ပတ်ကြည့်လိုက်ပြီး မေးလိုက်၏။ " ဆန်းဝါ ရောက်လာတာလား "

" သူ ပြန်သွားပြီ "

"သူ ဘာလို့ ပြန်သွားတာလဲ။ ငါ သူ့ကို မတွေ့ရတာ ရက်ပိုင်းလောက်ရှိပြီ " စွေ့မားမားသည် ရွှီဖန်ကို တကယ်သဘောကျပြီး သူ့အကြောင်းအားလုံးကို သဘောကျလေသည်။ သူမသည် စိုးရိမ်စွာနှင့်မေးလိုက်၏။ "ဒီနေ့ သူ့အဖေနောက်ကို ဟင်းသီးဟင်းရွက်ရောင်းဖို့ လိုက်လာတယ်မဟုတ်ဘူးလား။ သူ နှင်းတွေထဲ စိုနေသေးလား။ သူ အအေးမိများ မိသွားသလား ”

စွေ့တင်းချန်က ပြောလိုက်၏။ "သူ ဘာမှမဖြစ်ပါဘူး။ သူ အဆင်ပြေပါတယ်။ သူ နည်းနည်း စကားပေါရုံပါပဲ  "

" ဘယ်သူက စကားပေါတာလဲ "

“ရွှီဖန်လေ”

စွေ့မားမားက စွေ့တင်းချန်ကို မျက်လုံးလှန်လိုက်ပြီး "အဲ့ဒါက ဘယ်လိုလုပ် စကားပေါတာဖြစ်ရမလဲ။ စကားပြောဖို့ သင်ယူနေတဲ့ ကလေးတွေအကုန် အဲ့လိုပါပဲ။ သူတို့က စကားပြောရတာ ကြိုက်သလို မေးခွန်းတွေ မေးရတာလည်း ကြိုက်ကြပြီး သူတို့ စွမ်းအင်တွေ ဘယ်တော့မှ မကုန်နိုင်ဘူး။ မင်းနဲ့ ချင်းဖုန့်တို့ ငယ်ငယ်တုန်းကလည်း ဒီလိုပါပဲ။ ဒီလိုဖြစ်တာ ကောင်းတယ်။ အဲဒါ စိတ်အေးရတယ်။ မင်း တုန်းကကော၊ အခု မင်းကြီးလာပြီး စကားသိပ်မပြောတော့ဘဲ အရမ်ထက်မြက်တယ်လေ"

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now