အခန်း(၈) ဆုံးဖြတ်ချက်

6K 944 19
                                    

အခန်း(၈) ဆုံးဖြတ်ချက်

စွေ့ချင်းဖုန့် သူ့အား အလျင်အမြန်လုပ်ဖို့ တိုက်တွန်းနေလေ၏။

ရွှီကျောက်သည် သူ့လက်ထဲရှိ ပုဝါကို ချလိုက်ပြီး သက်ငယ်တဲ၏ သစ်သားတံခါးကို အမြန်ဖွင့်လိုက်ရုံသာ တတ်နိုင်တော့သည်။ တံခါးဖွင့်လိုက်သည်နှင့် စွေ့ချင်းဖုန့်သည် ရေမြှုပ်သေတ္တာကို ကိုင်ထားသည်ကို မြင်လိုက်ရ၏။ သူ့မျက်နှာသည် စိတ်လှုပ်ရှားမှုအပြည့်နှင့် ဖြစ်နေခဲ့ပြီး ပြောလာခဲ့လေ၏။ "ရွှီကျောက်! အောင်မြင်သွားပြီ!"

" ဘာအောင်မြင်သွားတာလဲ? " ရွှီကျောက် ဇဝေဇဝါနှင့် မေးလိုက်၏။

" ရေခဲချောင်းတွေ အောင်မြင်သွားပြီလား? "

" အင်း! ပြီးတော့ အရသာရှိတယ်ကွ! "

" တကယ် အရသာရှိတာလား? "

" အရမ်း အရမ်း အရသာရှိတယ်! "

စွေ့ချင်းဖုန့်သည် ဘာကြောင့် ကောင်းနေသလဲကို သူ့အားပြောမပြနိုင်လောက်အောင် အလွန်စိတ်လှုပ်ရှားနေခဲ့လေ၏။ ရွှီကျောက်၏ ရေခဲချောင်းများသည် မျှော်လင့်ချက်မရှိဘူးဟု သူ အမှန်တကယ်ထင်ခဲ့လေသည်။ ထိုအရာများသည် သူလုပ်ထားသည့် အရာများထက် ပိုကောင်းနိုင်သော်လည်း ရေခဲချောင်းစက်ရုံမှလုပ်သည့် အရာများထက်တော့ မကောင်းနိုင်လောက်ဟု သူထင်ခဲ့သည်။ ထို့အပြင် စျေးကွက်ထဲတွင် ရောင်းချသည့် ရေခဲချောင်းများထက် ပိုကောင်းမည် မဖြစ်နိုင်ပါချေ။

သို့သော်လည်း သူမှားသွားလေ၏။ ထို့အပြင် သူဆိုဆိုးရွားရွားကို မှားသွားခဲ့ပါ၏! ရွှီကျောက်၏ ရေခဲချောင်းများသည် ပုံသဏ္ဍာန်တင်မဟုတ်၊ ၎င်းတို့သည် ချိုမြိန်အေးမြပြီး လန်းဆန်းသည့်အရသာကို သူ့လျှာပေါ်တွင် ကျန်ခဲ့စေ၏။ သူ့ပါးစပ်ထဲတွင် ရေခဲများ အရည်ပျော်သွားသည်နှင့် တုန်လှုပ်ချောက်ချားဖွယ် အအေးဓာတ်သည် သူ့အား လွှမ်းမိုးသွားလေ၏။ ဤအရာသည် ရေခဲချောင်းစက်ရုံမှထုတ်သည့်အရာများထက် အဆတစ်ရာ ပိုကောင်း၏! သူ နှစ်ချောင်းစားခဲ့ရုံသာမက သူ့အဖေကိုလည်း စားကြည့်ရန်အတွက် တစ်ချောင်းပေးလိုက်၏။ သူ့စိတ်လှုပ်ရှားမှုကို ထိန်းမထားနိုင်သောကြောင့် ရွှီကျောက်ကို ပြောပြဖို့ရန် အမှောင်ထဲတွင် သူ့စက်ဘီးကို နင်းလာခဲ့လေ၏။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now