အခန်း(၆၂) ဖိနပ်အသစ်

3.9K 656 54
                                    

အခန်း(၆၂) ဖိနပ်အသစ်



ရွှီကျောက်သည် လက်အိတ်များကို လက်မခံခဲ့ချေ။ သူတကယ်ကို ရှက်လွန်းနေခဲ့၏။ စွေ့မိသားစုရှိ လူများသည် သူ့ကို အလွန်ပင်ကောင်းကောင်း ဆက်ဆံခဲ့ကြသည်။ အရမ်းကောင်းလွန်းသည်။ သို့သော်လည်း စွေ့မိသားစုက သူ့ကို ကောင်းကောင်းဆက်ဆံသောကြောင့် သူတို့အပေါ်အခွင့်ကောင်း မယူနိုင်ပါချေ။ ၎င်းသည် ရိုးအလွန်းပြီး အရှက်မရှိလွန်းရာကျလေသည်။ ထို့ကြောင့်၊ လက်မခံနိုင်ဘူးဟု သူ ပြောခဲ့သလို သူ ထိုအရာများကို လက်ခံလိမ့်မည်မဟုတ်ပါချေ။

စွေ့တင်းချန်သည် ရွှီကျောက်၏ အတွေးများကို မြင်လိုက်ရသည်။ သူ ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး အတင်းအကြပ်ပြောဆိုခြင်းကို ရပ်တန့်လိုက်၏။ "ကောင်းပြီ၊ နောက်တစ်ခါ စက်ဘီးစီးရင် မင်းလက်အိတ်တွေ ဝတ်လာဖို့ မမေ့နဲ့"

ရွှီကျောက်သည် သက်ပြင်းတစ်ချက်ချပြီး ပြောလိုက်၏။ "ကောင်းပါပြီ"

ထို့နောက် စွေ့တင်းချန်က ပြောလိုက်သည်။ " မင်းသွားတော့လေ "

ရွှီကျောက်သည် ရပ်နေဆဲဖြစ်ကာ စွေ့တင်းချန် သူ့အား မယုံမည်ကို ကြောက်နေသကဲ့သို့ မလှုပ်ခဲ့ချေ။ သူက ထပ်ကာ အလေးပေးပြောကြားလိုက်၏။ "ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ရှောင်ရှု၊ ကျွန်တော် ပိုက်ဆံကို တတ်နိုင်သမျှ မြန်မြန်ပြန်ပေးပါ့မယ် "

အမြဲတမ်း ယဉ်ကျေးလွန်းနေခဲ့သည်။ စွေ့တင်းချန်သည် အသာအယာပြုံးကာ ခေါင်းညိတ်ပြရင်း “အင်း၊ မင်းရဲ့ ဟင်းသီးဟင်းရွက်တွေကို ကောင်းကောင်း စိုက် ”

ရွှီကျောက် ထက်ထက်သန်သန် ခေါင်းညိတ်လိုက်ပြီး " ကျွန်တော် လုပ်ပါ့မယ်"

"ကံကောင်းပါစေ၊ မင်း ပြဿနာတစ်ခုခုရှိရင် ကိုယ့်ကိုလာရှာလို့ရတယ်" စွေ့တင်းချန်သည် အားပေးမှုလက္ခဏာတစ်ခုအဖြစ် ရွှီကျောက်၏ပခုံးကို လှမ်းပုတ်လိုက်၏။

ရွှီကျောက်၏ အပြုံးသည် ရှင်းရှင်းလင်းလင်းဖြစ်လာခဲ့လေသည်။ "ကောင်းပါပြီ၊ ရှောင်ရှု၊  ကျွန်တော်သွားတော့မယ်"

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now