အခန်း(၂၃) အတွေးအသစ်များ

6.3K 955 41
                                    

အခန်း(၂၃) အတွေးအသစ်များ

ရွှီကျောက်သည် သူတို့ရှေ့မှလူကို လျင်မြန်စွာစစ်ဆေးကြည့်လိုက်ရာ သူသည် ချောမောပြီး အရပ်ရှည်ကာ သန်မာသော ရောင်ဝါကို သယ်ဆောင်လာသည်။ သို့သော်လည်း သူသည် အသက် 27 နှစ် သို့မဟုတ် 28 နှစ်ခန့်သာရှိပုံရသည်။ သူ့မျက်ခုံးမွှေးများသည် စွေ့ပါးပါးနှင့် အလွန်တူသော်လည်း စွေ့ပါးပါးထက်ပင် ပိုမိုပြေပြစ်သည်။ ဤလက္ခဏာများကို ပေါင်းစပ်ထားပြီး သူတို့ရှေ့ကလူသည် စွေ့ချင်းဖုန့်၏အငယ်ဆုံးဦးလေးဖြစ်သည့်- စွေ့တင်းချန် ဟုသာ ထင်နိုင်လေတော့သည်။

" ပါးပါး " ရွှီဖန်က နောက်တစ်ကြိမ် ထပ်ခေါ်လေ၏။

ရွှီကျောက်သည် ရွှီဖန်ကိုကြည့်ရန် ခေါင်းငုံ့လိုက်သည်။

" ခေါက်ဆွဲတွေက ဘယ်နေရာမှာလဲ? " ဟု ရွှီဖန်က မေးလေ၏။

“ ခန်းမကြီးထဲက စားပွဲပေါ်မှာတဲ့ ” ရွှီကျောက်က ပြန်ဖြေလိုက်၏။

ရွှီဖန်သည် အဖြေရပြီး စွေ့တင်းချန်ဘက်ကို ချက်ချင်းလှည့်ကြည့်လိုက်ပြီး နို့သံလေးနှင့်ပြောပြလိုက်၏။ “ သားရဲ့ပါးပါးက ခေါက်ဆွဲတွေက ခန်းမကြီးထဲက စားပွဲပေါ်မှာ ရှိတယ်လို့ ပြောတယ် ”

စွေ့တင်းချန်သည် ခန်းမကြီးကို လှည့်ကြည့်လိုက်ပြီးနောက် "၀င်လာခဲ့" ဟု ပြောလိုက်သည်။

" ကောင်းပြီ၊ ကျေးဇူးပါ " ဟု ရွှီကျောက်က ဆိုလေ၏။

ကောင်းပြီ၊ ကျေးဇူးပါ ?

၎င်းကိုကြားလိုက်ပြီး  စွေ့တင်းချန်သည် ရွှီကျောက်ကို မော့ကြည့်လိုက်၏။

ရွှီကျောက်သည် ၎င်းကိုမမြင်လိုက်ဘဲ ရွှီဖန်၏လက်လေးကိုဆွဲပြီး စွေ့တင်းချန်ကိုဖြတ်ပြီး သူ့အားလမ်းပြခေါ်သွားခဲ့ကာ ခန်းမကြီးထဲရှိ စားပွဲဆီသို့ လမ်းလျှောက်သွားလေ၏။ ခေါက်ဆွဲ ဆယ်ထုပ်ကိုယူပြီးနောက် စွေ့တင်းချန် နောက်တစ်ကြိမ်ဖြတ်သွားပြီး "ကျေးဇူးတင်ပါတယ်၊ အငယ်ဆုံးဦးလေး" ဟု ပြောခဲ့လေသည်။

စွေ့တင်းချန်သည် အသံတိုးတိုး အသံပြုလိုက်၏။

တကယ့်ကို စွေ့တင်းချန်ပါ။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now