အခန်း(၁၂၇) ပတ်သက်မှု

3.8K 565 22
                                    


အခန်း(၁၂၇) ပတ်သက်မှု




" ရှောင်ရှုလား " ရွှီကျောက် ခေါ်လိုက်လေ၏။


စွေ့တင်းချန် ကြားလိုက်ရသောအခါ သတိပြန်၀င်လာလေ၏။ သူ ရွှီကျောက်ကိုကြည့်ဖို့ ခေါင်းလှည့်လိုက်သောအခါ သူ လျင်လျင်မြန်မြန်ပင် မတ်မတ်ထိုင်လိုက်လေ၏။ သူ့အသားအရည်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေကာ တိုးတိုးညင်ညင်သာသာလေးပြောလိုက်၏။ " မင်း နိုးလာပြီ "


ရွှီကျောက်သည် အသံပြုကာ ပြန်ဖြေပြီး သိချင်စွာ မေးလေ၏။ " ရှောင်ရှု၊ ဘာဖြစ်လို့လဲ"


‌စွေ့တင်းချန်က ပြန်မေးလေ၏။ " တစ်ခုခု ဖြစ်လို့လား "


" အခုလေးတင်၊ ခင်ဗျား..."


"ကိုယ် ရွှီဖန်အပေါ် စောင်ဖုံးပေးနေတာ " စွေ့တင်းချန်သည် သူ့မျက်နှာကို ပါးရိုက်ခံလိုက်ရသည်ကို ရွှီကျောက် သိသွားမည်စိုးသဖြင့် အလျင်အမြန် ငြင်းဆိုလိုက်လေ၏။


သို့သော်လည်း ရွှီကျောက်သည် တစ်ခုခု မမှန်ဘူးဟု ခံစားလိုက်ရ၏။ သူ အမြန်ထရပ်ပြီး နံရံကို ကျောပေးကာ မေးလာလေ၏။ " ရှောင်ရှု၊ ဒါဆို အသံတစ်ခုကြားလိုက်လား"


စွေ့တင်းချန်သည် ဘာတစ်ခုမှ မသိလိုက်သလို ဟန်ဆောင်နေလေ၏။ " ဘာအသံလဲ "


ရွှီကျောက်သည် ခဏလောက် တွေးနေပြီး ပြောလိုက်၏။ " အဲ့ဒါက ရိုက်လိုက်တဲ့အသံလိုမျိုးပဲ "


" ကြားလို့လား " စွေ့တင်းချန်သည် အပြစ်ရှိစိတ်နှင့် မေးလိုက်လေ၏။


" မကြားလိုက်ဘူးလား "


"ကိုယ်တော့ ဘာမှ မကြားရပါဘူး" ‌စွေ့တင်းချန်သည် သူ့အရေပြားကို ထူထူထားပြီး လိမ်ညာလိုက်လေ၏။


"ဒါဆို ကျွန်တော် အိပ်မက်မက်နေတာလား" ရွှီကျောက်သည်သူ့ဘာသာသူ ရေရွတ်နေလေ၏။ သူ မကြာသေးခင်ကမှ ညတိုင်း အိပ်မက်များ မက်နေခဲ့သည်။ သူ့အိပ်မက်များသည် အလွန်ထူးဆန်းနေပြီး သူနိုးလာသောအခါ သူ့နှလုံးသား နာကျင်နေလိမ့်မည်ဖြစ်သည်။ ဤ "ပါးရိုက်လိုက်သံ" သည် သူ့အိပ်မက်ထဲမှ ဖြစ်နိုင်သည်။ ထို့ကြောင့် သူ ထိုမေးခွန်းကို ထပ်မစဉ်းစားနေတော့ချေ။ သူ စွေ့တင်းချန်ဘက်လှည့်ပြီး ပြောလိုက်၏။ " ရှောင်ရှု၊ ဒီလောက် အစောကြီး လာစရာမလိုဘူးလို့ မနေ့က ကျွန်တော် မပြောလိုက်ဘူးလား "

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now