အခန်း(၈၉) သဘောကျနှစ်သက်

3.2K 526 37
                                    

အခန်း(၈၉) သဘောကျနှစ်သက်

စွေ့တင်းချန်သည် လန့်သွားလေပြီး သူ့တစ်ကိုယ်လုံး အေးခဲသွားလေတော့၏။

ရွှီကျောက် အိပ်ချင်မူးတူးနှင့် စွေ့တင်းချန်အား ကြည့်နေလေ၏။ သူ စွေ့တင်းချန်၏ လက်ကို စိုက်ကြည့်ရင်း သူ့မျက်နှာနားတွင် ခေတ္တတန့်သွားလေပြီး သံသယဖြစ်စွာနှင့် မခေါ်လိုက်ခင် တစ်ခဏလောက် ကြက်သေ သေနေလေ၏။

"ရှောင်ရှု"

စွေ့တင်းချန်သည် အလိုအလျောက် ပြန်ထူးလာလေ၏။

ရွှီကျောက် နားမလည်စွာနှင့် မေးလိုက်လေ၏။ " ဘာလုပ်နေတာလဲ "

စွေ့တင်းချန်သည် လျှာကို ချည်နှောင်ထားခံရသလို ဖြစ်နေလေ၏။ " ကိုယ်-ကိုယ်-ကိုယ် မင်းတို့ကို စောင်ခြုံပေးနေတာ။ ရွှီဖန်ရဲ့ခြေဖဝါးတွေ ထွက်နေလို့ "

ဆိုတော့ အဲ့လိုပေါ့။

ရွှီကျောက်သည် ချက်ချင်းယုံသွားပြီး အသံတိုးတိုးနှင့် ဆိုလေ၏။ "အိုး၊ သူက အိပ်နေရင် တော်တော့်ကို လှည့်ပတ်လှုပ်နေတတ်တယ်၊ သူ့ခြေထောက်တွေကို လွယ်လွယ်နဲ့ ပေါ်နေတတ်ပြီး သူ ထူးထူးခြားခြား အနေအထားတွေ ပြောင်းသွားလိမ့်မယ်"

" အင်း " စွေ့တင်းချန် တိုးတိုးဖျော့ဖျော့ ပြန်ဖြေလေ၏။

" ကျေးဇူးတင်ပါတယ်၊ ရှောင်ရှု " ရွှီကျောက်၏ မျက်လုံးများသည် ခပ်ကျယ်ကျယ် ပြုံးပြလိုက်လေ၏။

" ရပါတယ် "

စွေ့တင်းချန် တိတ်တဆိတ် သက်ပြင်းချလိုက်လေ၏။ သူသည် စောင်ပေါ်တွင် လက်ကိုတင်လိုက်ပြီး ရွှီဖန်ကို ပိုဖုံးအုပ်ပေးလိုက်ကာ ရွှီကျောက်အား တိုးတိုးလေးပြောလိုက်၏။ "စောနေသေးတယ်၊ မင်းနည်းနည်းပိုအိပ်လိုက်အုံး "

ရွှီကျောက်သည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ဆိုလေ၏။ " ကျွန်တော် မအိပ်တော့ပါဘူး။ ကျွန်တော်တို့ မကြာခင် အလုပ်စလုပ်ရမယ်လေ"

" ကောင်းပြီ၊ ဒါဆိုလည်း ထကြတာပေါ့ "

စွေ့တင်းချန်သည် အိပ်ယာမှထကာ သူ့ခရီးဆောင်အိတ်ကို ထုပ်ပိုးရန် သွားလေ၏။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now