အခန်း(၆၅) ကိတ်မုန့်

3.5K 594 38
                                    

အခန်း(၆၅) ကိတ်မုန့်


ရွှီမားမား၏ ပျော်ရွှင်နေသောမျက်နှာသည် ရွှီကျောက်ကို စိုက်ကြည့်နေခဲ့လေကာ ရှားရှားပါးပါး ရယ်မောစနောက်လိုသည့် အမူအရာဖြင့် "မှန်းကြည့်" ဟုဆိုလေ၏။ ၎င်းသည် သေချာပေါက်ကို ကောင်းမွန်သည့် ကိစ္စဖြစ်သည်။ "ဖန်လုံအိမ် ဟင်းသီးဟင်းရွက်တွေနဲ့ ပတ်သက်လား" ရွှီကျောက် စစ်ဆေးမှန်းဆကြည့်လိုက်၏။

နောက်ဆုံးတော့ ရွှီမားမားသည် "ဟုတ်တယ်၊ အဲဒီလူနှစ်ယောက် ဖုန်းခေါ်လာတယ်"

“ဘယ်လူနှစ်ယောက်လဲ” ရွှီကျောက်က ဆက်မေးလိုက်၏။

“လွန်ခဲ့တဲ့ ရက်က ရွာကို ရောက်လာတဲ့ လူနှစ်ယောက်လေ၊ တစ်ယောက်က အရပ်ပုပုနဲ့ နောက်တစ်ယောက်က အရပ်ရှည်ရှည်နဲ့လေ။ အမေက သူတို့ ဟင်းသီးဟင်းရွက်ဝယ်မှာမဟုတ်ဘူးလို့ ထင်ပြီး အဲဒီလူနှစ်ယောက်ကို ဒေါသဖြစ်သွားသေးတယ်လေ ”

ကျန်းပင်း စားသောက်ဆိုင်မှ မန်နေဂျာနှစ်ဦးဖြစ်သည်။

"သူတို့က ဟင်းသီးဟင်းရွက်တွေဝယ်ချင်တာလား။ " ရွှီကျောက်က အံ့သြစွာမေးလိုက်သည်။

"အင်း၊ သူတို့ ဖုန်းနံပါတ်တစ်ခု ထားခဲ့ပြီး သားပြန်လာရင် အသေးစိတ် ဆွေးနွေးနိုင်အောင် သူတို့ကို ဖုန်းဆက်ဖို့ အမေ့ကိုပြောခဲ့တယ်"

ရွှီမားမားသည် အက္ခရာများစွာကို မသိသော်လည်း သူမ၏ ကြွယ်ဝသော ဘဝအတွေ့အကြုံသည် သူမအား အာရဗီနံပါတ်ဆယ်ခုကို ရေးမှတ်ရန် ခွင့်ပြုထားခဲ့သည်။ ရွှီကျောက်သည် ၎င်းကို နည်းနည်းလေးတောင် သံသယမ၀င်ဘဲ မေးလိုက်၏။ “ဖုန်းနံပါတ်ဘယ်မှာလဲ”

ရွှီမားမားသည် အနောက်ဘက်အခန်းကို ညွှန်ပြလိုက်ပြီး ပြောလိုက်၏။ "တယ်လီဖုန်းဘေးမှာ"

" ကောင်းပြီ၊ ကျွန်တော် သူတို့ကို ပြန်ခေါ်လိုက်မယ် "

ရွှီကျောက်သည် ရွှီဖန်ကို စက်ဘီးပေါ်ကနေ ချပေးလိုက်ပြီး စက်ဘီးကို အမြန်ရပ်လိုက်ကာ အနောက်ဘက်အခန်းကို အပြေးအလွှားသွားလေ၏။ တယ်လီဖုန်းဘေးရှိ မှတ်ထားသည့်နံပါတ်ကို အမြန်ကောက်ယူလိုက်ကာ ကျန်းပင်း စားသောက်ဆိုင်သို့ ဖုန်းခေါ်ဆိုလိုက်၏။ တစ်ဖက်လူနှင့် ဆွေးနွေးပြီးနောက် ဖုန်းချလိုက်သည်နှင့် ရွှီမားမားနှင့် ရွှီပါးပါးတို့၏ မျှော်လင့်ချက်အပြည့်မျက်နှာများကို တွေ့လိုက်ရလေ၏။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now