အခန်း(၉၆) ဖရဲသီး

3.2K 545 38
                                    

အခန်း(၉၆) ဖရဲသီး






သူ့အသံသည် နားထောင်ရ အလွန်ကောင်းလေ၏။


ရွှီကျောက်သည် စွေ့တင်းချန်ကို မော့ကြည့်လိုက်၏။ ညအမှောင်ထဲတွင် စွေ့တင်းချန်၏ တောက်ပသော အနက်ရောင်မျက်လုံးများသည် ရယ်မောခြင်းနှင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရလေသည်။


"မဟုတ်ဘူးလား" စွေ့တင်းချန်က အပြုံးလေးနှင့် မေးလိုက်သည်။


ရွှီကျောက်သည် မကျေမနပ် ပြန်ဖြေလေ၏။ " ကျွန်တော် စိတ်ပူနေတာလို့ ထင်တာပဲ" 


စွေ့တင်းချန်က ရယ်မောလေ၏။


ရွှီကျောက်သည် ချက်ချင်းပင် ရှုံးနိမ့်သွားခဲ့လေ၏။


စွေ့တင်းချန်သည် ရွှီကျောက်၏ ချစ်စဖွယ်အမူအရာကိုကြည့်ရင်း သူ့နှလုံးသား ယားယံလာလေ၏။ သူပြုံးလျက် မေးလိုက်၏။ " ကိုယ်ဖုန်းခေါ်တုန်းက မင်းဘာလုပ်နေတာလဲ"


ရွှီကျောက် ပြန်ဖြေလိုက်၏။" ကျွန်-ကျွန်တော် အစီအစဉ်တစ်ခုဆွဲနေတာ " 


" သစ်သီး၀လံတွေ စိုက်ဖို့အတွက် အစီအစဉ်လား " 


" အင်း" ရွှီကျောက် ခေါင်းညိတ်လိုက်၏။


" ဖန်လုံအိမ် သစ်သီး၀လံတွေ အတွက်လား " 


"လုံးဝ အကုန်လုံးကြီးတော့ မဟုတ်ပါဘူး"


"အင်၊ ဘာကိုဆိုလိုတာလဲ" စွေ့တင်းချန်က မေးလိုက်သည်။


"ကျွန်တော်က ရာသီအလိုက် သစ်သီး၀လံတွေကို ပမာဏအတော်ကြီးကြီးနဲ့စိုက်ဖို့ စီစဉ်နေတာ၊ ပြီးတော့ ဖန်လုံအိမ် သစ်သီး၀လံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို အပိုင်းနည်းနည်း စိုက်ဖို့ စီစဉ်နေတာ" သူ့ကိုယ်ပိုင်ကိစ္စများကို ပြောဆိုရင်း ရွှီကျောက် ရုတ်တရက် စကားပိုများလာလေကာ ဆိုလေ၏။ " သစ်သီး၀လံတွေက ဟင်းသီးဟင်းရွက်တွေနဲ့ မတူဘူး။ မြေဆီလွှာ၊ မြေဩဇာ၊ လုပ်အား အဲ့ဒါတွေက အတော်လေး ပိုရှုပ်ထွေးတယ်။ နန်၀မ်းရွာမှာ အရင်တုန်းက ဘယ်သူကမှ သစ်သီး၀လံတွေ အကြီးစားပမာဏနဲ့ မစိုက်ဖူးကြဘူးလေ။ ပြီးတော့ ကျွန်တော်က ပေကျင်းမြို့တော်မှာ တစ်ပတ်လောက်ပဲ လေ့လာခဲ့ရတာမို့ နားမလည်သေးတဲ့ ကဏ္ဍတွေအများကြီး ရှိနေသေးတယ်" 

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now