အခန်း(၂၅) လက်လွှဲပြောင်းပေးခြင်း

5.7K 914 16
                                    

အခန်း(၂၅) လက်လွှဲပြောင်းပေးခြင်း

ဒီ- ဒီ မျက်နှာကိုဖြတ်ရိုက်လိုက်က အရမ်းမြန်တာပဲ။

မကြာသေးခင်ကမှ သူပို၀မလာဘူးဆိုသည့်အကြောင်း အခိုင်အမာပြောဆိုနေခဲ့ပြီး သိပ်မကြာခင်မှာပဲ သူ့ဘောင်းဘီ ပြဲသွားခဲ့လေပြီ။ သူ့အရင်ဘောင်းဘီသည် ဟောင်းနွမ်းစုတ်နေ၍ ပြဲသွားခြင်း ဖြစ်နိုင်သော်လည်း သူ့ဘောင်းဘီအသစ်အတွက် သုံးထားသည့် အထည်သည် အလွန်ကောင်းပြီး စုတ်ပြဲမှာ မဟုတ်ပေ... သူ၀မလာဘူးဆိုရင်ပေါ့။ ရွှီကျောက်သည် ၎င်းကို ရှင်းမပြနိုင်ပါတော့ချေ။ ထို့အပြင် ရွှီဖန်သည် သေးငယ်သည့်အရာလေးက်ု ထုတ်ပြနေသည့်အတွက်ကြောင့် ထိတ်လန့်အံသြနေဆဲဖြစ်ကာ သူ့အာရုံပြန်မရောက်လာသေးပါချေ။

မျှော်လင့်ထားသလိုပင် ရွှီဖန်၏ ပထမဆုံးတုံ့ပြန်မှုသည် သူ၏ဂွကြားကိုဖုံးကွယ်ရန် ပင်ဖြစ်လေသည်။ သူရုတ်တရက်လန့်သွားပြီး ခေါင်းကိုငုံ့ကာ့ တစ်ချက်ကြည့်လိုက်၏။ အာ! သူ့ဂျိူးဂျိုးလေးနှင့် ဘောလုံးလေးများသည် ပြသနေလေကာ အခြားသူများမှ လုံး၀မြင်နေရသည်။ ဘယ်လောက် ရှက်စရာကောင်းလိုက်သလဲ။ အရမ်းရှက်စရာကောင်းတာပဲ။ သူအမြန်ထရပ်လိုက်ပြီး သူ့ကိုယ်သူ ရွှီကျောက်၏ ခြေထောက်များကြားထဲသို့ ပစ်၀င်လိုက်ကာ ဖောင်းကားနေသည့် မျက်နှာလေးကို ရွှီကျောက်၏ခြေထောက်များကြားထဲသို့ မြှုပ်ထားလိုက်လေ၏။ "ပါးပါး၊ သားဘောင်းဘီ ပြဲသွားပြီ" ဟု တိုးတိုးလေး တိုးတိုးလေးဆိုလာပြီးနောက် စွေ့ချင်းဖုန့်၏ ကမ္ဘာတုန်အောင် ရယ်မောသံကို ကြားလိုက်ရလေသည်။ သူသည် ချက်ခြင်းပင် သူ့ကိုယ်သူဖော်ပြဖို့  ရှက်သွားပြီး ရွှီကျောက်၏ ခြေထောက်များကို ပွေ့ဖက်ထားပြီး ထွက်သွားရန် ဆွဲနေလေ၏။

" ဘာဖြစ်လို့လဲ? " ရွှီကျောက်က တည်တည်ငြိမ်ငြိမ် မေးလိုက်၏။

ရွှီဖန်က ညည်းတွားပြီး ရွှီကျောက်ကို ဆွဲကာဆိုလေ၏။ "အိမ်ပြန်ရအောင်"

" အိမ်ပြန်ပြီး ဘာလုပ်ဖို့လဲ? "

" အိမ်ပဲ ပြန်ကြရအောင် "

ရွှီကျောက်သည် ရွှီဖန်ကိုကြည့်ဖို့ ခေါင်းငုံ့လိုက်ပြီး ပြောလိုက်၏။ "ပါပါးက အလုပ်များနေလို့ အခု အိမ်မပြန်နိုင်သေးဘူး။ သား ဘာလို့ အိမ်ပြန်ခိုင်းတာလဲဆိုတာ ပါးပါးကိုပြောလေ "

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now