အခန်း(၃၁) ချောချောမွေ့မွေ့ရွက်လွှင့်

5K 753 16
                                    

အခန်း(၃၁) ချောချောမွေ့မွေ့ရွက်လွှင့်

ရွှီကျောက်သည် အနည်းငယ် တုန်လှုပ်သွားရပြီး နောက်ကြည့်မှန်မှ စွေ့တင်းချန်၏ မျက်လုံးများကို ဖမ်းမိလိုက်လေ၏။ စွေ့တင်းချန်၏ မျက်လုံးများသည် ရှည်လျားကျဉ်းမြောင်းပြီး အလွန်လှပနေကာ ၎င်းတို့သည် အောက်ခြေမရှိသော ရေတွင်းများကဲ့သို့ပင် ကြည်လင်နေသော်လည်း နက်ရှိုင်းနေလေသည်။ သို့သော်လည်း သူအလုပ်မများပါဟု ပြောလာကတည်းက သူသည် စွေ့ချင်းဖုန့်နှင့် သူ့ပတ်ဝန်းကျင်၌ပင် နောက်ကို ဆက်လိုက်နေဦးမည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။ အဲဒါကပဲ သူတို့ရှာနေသည် အတိအကျပင် ဖြစ်လေသည်။

"ဒါဆို ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ် ရှောင်ရှု "  ရွှီကျောက်သည် အလွန်ကိုမှ ယဉ်ယဉ်ကျေးကျေးနှင့် ပြောလိုက်၏။

စွေ့တင်းချန်၏ အမူအရာသည် မပြောင်းလဲသွားဘဲ ဆိုလေ၏။ "ပြဿနာမရှိပါဘူး။ အခု ကိုယ်တို့ ဘယ်သွားမှာလဲ? "

"အစားအသောက်စက်ရုံ" ဟု ရွှီကျောက် ပြန်ဖြေလိုက်၏။

“ဘယ်တစ်ခုလဲ? ” ဟု စွေ့တင်းချန်က မေးလိုက်သည်။

“အရှေ့ခရိုင်မှာရှိတဲ့ အကုန်လုံးပဲ ”

စွေ့တင်းချန်သည် စကားမပြောတော့ဘဲ အရှေ့ခရိုင်သို့ မောင်းနှင်ရန် ကားကို စက်နှိုးကာ စထွက်ခဲ့သည်။

ရွှီကျောက်နှင့် စွေ့ချင်းဖုန့်တို့ နှစ်ယောက်စလုံးသည် သူတို့၏ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေကြလေ၏။ အစားအသောက်စက်ရုံတစ်ခုကို တွေ့သည်နှင့် ကားထဲမှ ဆင်းပြီး လကိတ်မုန့်များ၏ အခြေအနေကို မေးမြန်းကြလိမ့်မည်ဖြစ်သည်။ ထိုစို့ ဆင်းလိုက်တက်လိုက်ဖြင့် အစားအသောက် စက်ရုံအသေးလေး လေးငါးခုကို မေးမြန်းကြည့်ခဲ့ကြလေသည်။ ၎င်းသည် သူတို့အနေဖြင့် လကိတ်မုန့်များ မထုတ်လုပ်သည်မျိုး မဟုတ်ဘဲ ရွှီကျောက်သည် အနည်းငယ်လေးသာ လိုချင်သည်ဟု သူတို့တွေးခဲ့ကြသောကြောင့်ဖြစ်လေသည်။ သူတို့စက်များကို ဖွင့်ပြီး လကိတ်မုန့် အခုနှစ်ဆယ်လောက်သာ လုပ်ရန် သို့မဟုတ် ထိုလကိတ်မုန့်များသည် ကုန်ကျစရိတ်နှင့် မကာမိသဖြင့် သူတို့သည် ငြင်းပယ်ခဲ့ကြလေသည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now