အခန်း(၅၂) ပူးပေါင်းဆောင်ရွက်မှု

4.6K 659 26
                                    

အခန်း(၅၂) ပူးပေါင်းဆောင်ရွက်မှု

စွေ့တင်းချန် ၎င်းတို့ကို ဖမ်းဆုပ်လိုက်သည့်အချိန်၌ ရွှီကျောက်သည် သူ့လက်များကို ဂရုမစိုက်နေခဲ့ချေ။ သူ့လက်ထဲရှိ ဘောပင်သည် ပြုတ်ကျသွားပြီး၊ သူစွေ့တင်းချန်ကိုကြည့်လိုက်ပြီး ကြက်သေ,သေသွားလေကာ မေးလိုက်၏။ "ရှောင်ရှု၊ ဘာဖြစ်လို့လဲ "

"မင်းလက်မှာ ဘာဖြစ်သွားတာလဲ " စွေ့တင်းချန်၏ အမူအရာမှာ စိုးရိမ်မှုအနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။

ဆိုတော့ သူ့လက်တွေကိုပေါ့လေ။

ရွှီကျောက်သည် မြွေ သို့မဟုတ် ပိုးကောင် သို့မဟုတ် တစ်ခုခုရှိနေသည်ဟုတွေးကာ အလွန်ထိတ်လန့်သွား‌လေသည်။ သို့သော်လည်း သူ့အရည်ကြည်ဖုများအကြောင်းသာ ဖြစ်လေ၏။ သူသည် အလွန်သဘာဝကျကျဖြင့် သူ့လက်ကိုပြန်ယူလိုက်ကာ စွေ့တင်းချန် မြင်နိုင်ရန် ကျယ်ကျယ်ဖြန့်ပြ၍ ပြောလိုက်၏။ "ဂျုံစိုက်တုန်းက ပျိုးခွက်ကို လိုက် ထိန်းရတာမို့ပါ။ ပျိုးခွက်က ကျွန်တော့်ကို အရည်ကြည်ဖုတွေ ဖြစ်စေခဲ့တာပါ၊ ဒါပါပဲ "

"ဒါပါပဲလား " စွေ့တင်းချန်သည် ထိုသော့ချက်စကားလုံးကိုသာ ဖမ်းဆုပ်ထားလေသည်။

"..." ရွှီကျောက် ဘယ်လို ပြန်ဖြေရမှန်း မသိတော့ချေ။

စွေ့တင်းချန်၏ ညာလက်သည် သူ့ခြေထောက်ဘေးနားတွင် အားနည်းစွာ တုန်ယင်နေလေ၏။ သူ့လက်ကို ဆုပ်ကိုင်လိုက်ရာ ရွှီကျောက်၏လက်မှ အေးစက်မှုကို ခံစားလိုက်ရလေ၏။ သူ မတတ်နိုင်‌တော့ဘဲ မေးလိုက်၏။ "နာနေလား"

"ဒါက မနာပါဘူး၊ ပြီးတော့ ကျွန်တော့်အလုပ်ကို အဟန့်အတားမဖြစ်ပါဘူး။ ဒါက တကယ်ဘာမှမဟုတ်ပါဘူး" ရွှီကျောက်သည် တကယ်ပင် ‌ဤအရည်ကြည်ဖုများ ဘာမှကြီးကြီးမားမားမဟုတ်ဟု ထင်ပြီး ဆိုလေ၏။ "မနက်ဖြန် သေချာပေါက် ပြန်ကောင်းလာမှာပါ"

"မင်း ဘာဆေးမှ လိမ်းစရာမလိုဘူးလား "

"မလိုပါဘူး။ ကျွန်တော် ဒီလောက်ထိ နုနယ်တာမဟုတ်ပါဘူး။ ကျွန်တော် အလုပ်လုပ်နိုင်ပါသေးတယ်"

ရွှီကျောက်သည် အောက်ကိုငုံ့ပြီး ဘောပင်ကို မြေပေါ်မှ ကောက်လိုက်ပြီး အချက်အလက်များကို ဆက်ရေးနေလိုက်၏။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now