အခန်း(၆၇) အနွေးဂျက်ကပ်အင်္ကျီ

3.4K 641 33
                                    

အခန်း(၆၇) အနွေးဂျက်ကပ်အင်္ကျီ

စွေ့တင်းချန်သည် ကားမောင်းသူထိုင်ခုံမှ ဆင်းလာခဲ့ကာ သူ့လက်ထဲတွင် အထုပ်များကို ကိုင်ထားလေသည်။ သူ ရွှီကျောက် နှင့် စွေ့ချင်းဖုန့်ကို မော့ကြည့်လိုက်ကာ အပြုံးသေးသေးလေး ပြုံးပြလိုက်ပြီး လမ်းလျှောက်လာလေ၏။ သူသည် အထုပ်နှစ်ထုပ်ကို ရွှီကျောက်အား ကမ်းပေးလိုက်ပြီး ဆိုလေ၏။ "မွေးနေ့ လက်ဆောင်။ ရွှီဖန်အတွက် မွေးနေ့မင်္ဂလာပါ ”

" ကျေးဇူးတင်ပါတယ်၊ ရှောင်ရှု "

ရွှီကျောက်သည် ၎င်းတို့ကို လက်ခံခဲ့သော်လည်း အနောက်စီရင်စုမြို့၏ ဓလေ့ထုံးစံအရ လက်ဆောင်များကို မဖွင့်ခဲ့ချေ။ ထိုအစား စွေ့တင်းချန်ကို ခြံဝင်းထဲကို ဖိတ်ခေါ်လိုက်ရင်း ပြုံးနေခဲ့လေသည်။

ထို့နောက် လက်ဆောင်များကို အနောက်ဘက်အခန်းသို့ ယူဆောင်သွားခဲ့သည်။ အနောက်ဘက်အခန်းမှ ပြန်လာသောအခါ ရွှီ နှင့် လီမိသားစုများသည် စွေ့တင်းချန် နှင့် စွေ့ချင်းဖုန့်တို့အား ထိုင်ကြရန် စိတ်အားထက်သန်စွာ ဆွဲခေါ်သွားသည်ကို တွေ့လိုက်ရလေသည်။ ကံကောင်းထောက်မစွာဖြင့် စွေ့တင်းချန် နှင့် စွေ့ချင်းဖုန့်တို့သည် လောကအတွေ့အကြုံများပြီး မိသားစုနှစ်စုကို အမြန်ကျေနပ်စေခဲ့ကြသည်။ ထို‌နောက်သူတို့သည် ရွှီကျောက် နှင့် ရွှီဖန် တို့နှင့်အတူ ထိုင်လိုက်ကြသည်။

အနည်းငယ် လူစည်ကားနေသော်လည်း မွေးနေ့ပွဲသည် အသက်၀င်ပြီး မည်သူကမှ ဂရုစိုက်မနေခဲ့ကြပေ။ သူတို့သည် စကားစမြည်ပြောရင်း ရယ်မောကြနေခဲ့ကြပြီး လူတိုင်းသည် မွေးနေ့အကြောင်း တွေးနေကြသည့်အတွက် အလွန်ပျော်စရာကောင်းသည့် ညစာစားပွဲတစ်ခုဖြစ်ခဲ့လေသည်။ လူတိုင်းစားပြီးသည့်နောက် စတင်ကာ ပန်းကန်များကို ဖယ်ထုတ်ကြပါတော့သည်။

ရွှီဖန်၏ လက်လေးများသည် ပန်းကန်လုံးတစ်လုံးကို ကိုင်ထားလေ၏။ သူသည် နှုတ်ခမ်းကို သပ်လိုက်ပြီး အမြန် ဆိုလေ၏။ "အဖွား မဖယ်ပါနဲ့။ မဖယ်ပါနဲ့။ သား ၀အောင်မစားရသေးဘူး။ သား-သား စားချင်သေးတယ်လေ။ သကျွမ်းလည်း ၀အောင်မစားရသေးဘူး။ သကျွမ်းလည်း စားချင်နေသေးတယ်"

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now