အခန်း(၁၁၄) ခြောက်ရက်နေ့

2.6K 469 3
                                    


အခန်း(၁၁၄) ခြောက်ရက်နေ့





သို့သော်လည်း ထိုညတွင် ရွှီဖန်သည် ခါးလွန်းသောကြောင့် ဆေးသောက်ရန် ထပ်မံငြင်းဆန်ခဲ့လေသည်။ ရွှီကျောက်နှင့် ရွှီမားမားတို့၏ ပါးစပ်ထဲသို့ ဆေးလောင်းထည့်သည့် ကံကြမ္မာကို မရှောင်လွှဲနိုင်ခဲ့ချေ။ ထို့နောက် သူသည် ဒေါသတကြီးနှင့် နံရံကို မျက်နှာမူကာ အလွန်စိတ်ဆိုးနေလေတော့သဖြင့် ရွှီကျောက်နှင့် ရွှီမားမားတို့ ရယ်ရမလား ငိုရမလားမသိတော့ချေ။


ရွှီမားမားသည် ရွှီကျောက်ကို ပြုံးလျက် ကြည့်လိုက်၏။


ရွှီကျောက်သည် ရွှီမားမားကို အရင်သွားအိပ်ခိုင်းလိုက်ပြီးနောက် ခွေးခြေပေါ်ထိုင်ပြီး " ရွှီဖန်" ဟု လှမ်းခေါ်လိုက်၏။


ရှောင်ရွှီဖန်၏ ခပ်ထွားထွား မျက်နှာသေးသေးလေးသည် နံရံကို မျက်နှာမူထားဆဲဖြစ်ပြီး သူသည် ဘာမှပြန်မပြောလာချေ။


ရွှီကျောက် ထပ်ခေါ်လိုက်၏။ " ရွှီဖန် "


ရွှီထန်သည် သူ့မျက်နှာလေးကို ဘေးသို့ စောင်းငဲ့လိုက်၏။


ရွှီကျောက် ရယ်ပြီး မေးလိုက်၏။ " ခြောက်ရက်နေ့ကျရင် ခရိုင်မြို့ကို သွားချင်သေးရဲ့လား"


ရွှီဖန်သည် ဆက်လက် တိတ်ဆိတ်နေဆဲပင်။


ရွှီကျောက် ပြောလိုက်လေ၏။ "ဝက်ခြေထောက်၊ သိုးသားနဲ့ ထမင်းကြွပ်တွေရှိတယ်နော် "


ရွှီဖန် ခေါင်းလှည့်လာပြီး ပြောလေ၏။ " သား စားချင်တယ်"


ရွှီကျောက် စိတ်မကောင်းစွာ ပြောလိုက်လေ၏။ "ဒါပေမယ့် သားက ဆေးကိုကောင်းကောင်းမသောက်လို့ ပါပါးတို့တွေ မသွားနိုင်တော့ဘူး"


ရွှီဖန်သည် သူ့ခန္ဓာကိုယ်လေးကို ရွှီကျောက်ဘက် လှည့်လာပြီး ဆိုလေ၏။ "သား ဆေးသောက်ခဲ့တယ်လေ "

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now