အခန်း(၉၉) ရွှီယို့ချန်းရောက်လာ

3.1K 524 6
                                    


အခန်း(၉၉) ရွှီယို့ချန်းရောက်လာ





စွေ့ချင်းဖုန့်သည် မကြာသေးမီက ရေခဲချောင်းလုပ်လုပ်ငန်းဖြင့် အလုပ်များနေခဲ့လေသည်။ သူသည် နေ့ရောညပါ အလုပ်များနေပြီး ရံဖန်ရံခါ၌ ဖန်ရှောင်တျန့်သို့ ကုန်ပစ္စည်းများပို့ဆောင်ရာတွင်လည်း စွေ့ပါးပါးအား ကူညီပေးရသည်။ ရွှီကျောက်လည်း အလုပ်များနေသဖြင့် စွေ့ချင်းဖုန့်ကို မတွေ့ရတာ ကြာပြီဖြစ်သည်။ ဤအချိန်မှာတော့ သူ အလွန်ပျော်ရွှင်သွားပြီး လှမ်းခေါ်လိုက်၏။ "ချင်းဖုန့်"


ဤသည်ကို ကြားပြီး စွေ့ချင်းဖုန့် သူ့အာရုံ ပြန်ရောက်လာပြီး ဖြည်းညှင်းစွာ လျှောက်မသွားခင် အတင်းဖျစ်ညစ်ပြုံးပြလိုက်ရ‌လေ၏။


ရွှီကျောက် ပြုံးပြီး မေးလိုက်၏။" ချင်းဖုန့်၊ ဘာလို့ အခုတင် မှင်သက်နေတာလဲ"


စွေ့ချင်းဖုန့်သည် မသက်မသာပြုံးပြလိုက်ပြီး ဖြည်းညှင်းစွာ ပြန်ပြောလိုက်၏။ "ငါ အသီးအရွက်ဝယ်ဖို့ စဉ်းစားနေတာ" အမှန်တော့ ရွှီကျောက်နှင့် စွေ့တင်းချန်တို့ ဖန်တီးထားသော ချိုမြိန်လှသည့်မြင်ကွင်းကြောင့် သူ ထိတ်လန့်သွားမိလေသည်။


"ဘယ်လို အသီးအရွက်မျိုး ဝယ်ဖို့ ဆုံးဖြတ်ပြီးပြီလဲ"


" မဆုံးဖြတ်ရသေးဘူး " စွေ့ချင်းဖုန့် ခေါင်းခါလိုက်၏။


ရွှီကျောက် ရယ်လိုက်၏။ " မင်း ဟင်းသီးဟင်းရွက်မဝယ်ခင် အဒေါ်စွေ့ကို အရင်မေးရမယ်"


"ငါ နောက်တစ်ခါ မဝယ်ခင် မေးလိုက်မယ်" စွေ့ချင်းဖုန့်သည် ခြောက်ကပ်စွာပြုံးလိုက်၏။ သူ့အကြည့်သည် စွေ့တင်းချန်ဆီသို့ လှည့်သွားကာ ပြောလိုက်၏။ "ရှောင်ရှု၊ ပြန်လာပြီလား"


စွေ့တင်းချန်သည် ခေါင်းညိတ်ပြလိုက်ပြီး အသိအမှတ်ပြုမှုဖြင့် အသံပြုလိုက်သည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now