အခန်း(၆) ဆန္ဒတစ်ခုပြည့်သွားခြင်း

6.5K 945 12
                                    

အခန်း (၆) ဆန္ဒတစ်ခုပြည့်သွားခြင်း

" တတိယဦးလေး သားတို့မိသားစုရဲ့ ဂျုံကိုရောင်းခဲ့တယ်လို့ ! " ရွှီတဝါးသည် လေကိုရှူရှိုက်ရင်း ထပ်ခါတလဲလဲပြောလေ၏။

" သူ ဘယ်သူ့ကိုရောင်းလိုက်တာလဲ? "

" သားတို့ရွာက ကျန်းမိသားစုကို။ သူ အဲ့ဒါတွေကို ကိုးယွမ်နဲ့ ရောင်းလိုက်တာ "

" ကိုးယွမ်လား? "

ကိုးယွမ်ー

စျေးနည်းသောဤခေတ်၊ ဝင်ငွေနည်းသောကာလတွင် ကိုးယွမ်သည် သေးငယ်သော ပမာဏမဟုတ်ပေ !

ရွှီဇွာချန်းသည် ချက်ချင်း တံမြက်စည်းကို ပစ်ချလိုက်ပြီး ဒေါသတကြီးဖြင့် ရွှီမိသားစု အိမ်ဆီသို့ အပြေးအလွှားသွားခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သောအခါ ရွှီယို့ချန်းသည် သူ့နောက်မှ နီးကပ်စွာလိုက်လာခဲ့လေ၏။

တဝါး နှင့် အာ့ဝါးတို့လည်း နောက်မှလိုက်လာကြလေ၏။

လူလေးယောက်သည် ရွှီကျောက်နှင့်ရွှီဖန်တို့ ဝင်ပေါက်တံခါးတွင် ရပ်နေသည်ကို အဝေးမှတွေ့လိုက်ကြရ၏။ သူတို့ အခုလေးတင်မှ ဦးလေးကျန်းနှင့် အဒေါ်ကျန်းတို့ကို လိုက်ပို့လိုက်ကြသည်မှာ ထင်ရှားလေ၏။

" ရွှီကျောက် " ရွှီဇွာချန်းသည် ရွှီကျောက်၏ဘေးသို့လျှောက်သွားလိုက်ရင်း အော်လိုက်၏။

ရွှီကျောက်သည် သူတို့အား ပြုံးပြီး နှုတ်ဆက်လိုက်၏။ "မင်းတို့ ပြန်လာပြီ။ အချိန်ကိုက်ပဲ။ ငါ မင်းတို့ကို တစ်ခုခု ပေးစရာရှိတယ်"

" ပိုက်ဆံလား? " ရွှီဇွာချန်းသည် တင်းမာသောအမူအရာဖြင့် ပြောလာလေ၏။

" ပိုက်ဆံ ? "ထိုအစား ရွှီကျောက်ပြန်မေးလာ၏။

" မင်း ဂျုံရောင်းလို့ ရတဲ့ပိုက်ဆံလေ "

" ဒီပိုက်ဆံက မင်းနဲ့ ဘာဆိုင်လို့လဲ? "

" အဲဒီဂျုံက ရွှီမိသားစုကပိုင်တာလေ !" ရွှီဇွာချန်းသည် အသံကျယ်ကျယ်နှင့် အော်လိုက်၏။

ရွှီကျောက်သည် ပြုံးပြီး မေးလိုက်၏။ "ငါ့ရဲ့ ဒသမလေးမူက ရွှီမိသားစုပိုင်တာလား? "

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now