အခန်း(၃၅) ကြားခံပေးသူ

4.9K 745 10
                                    

အခန်း(၃၅) ကြားခံပေးသူ

"ဘာမှမဟုတ်ပါဘူး။ ဘာမှားရမှာလဲ " ရွှီမားမားသည် ကမန်းကတန်း ပြုံးပြလိုက်ပြီး ဆိုလေ၏။ "မင်းတို့ အခုမှ မြို့က ပြန်ရောက်လာတာလေ။ မောပန်းနေတာ။ မြန်မြန်ထိုင်ပြီး အနားယူကြ "

ရွှီကျောက်သည် မလှုပ်မယှက်နှင့် ရွှီမားမားကို သံသယနှင့်ကြည့်နေခဲ့လေ၏။ သူ့မျက်လုံးထဲတွင် စစ်ဆေးမှုများ ရှိနေခဲ့လေသည်။ ရွှီမားမား အရာအားလုံး အဆင်ပြေနေပါသည် ဆိုတာကို သူမယုံကြည်ပေ။ ရွှီမားမား၏ မျက်နှာမှတဆင့် " တစ်ခုခု မှားနေတယ် " ဆိုသည်ကို သဲလွန်စရှာဖို့ သူ့စူးစူးရှရှအကြည့်ကို အသုံးပြုရန် ကြိုးစားလိုက်၏။

ရွှီမားမား၏အမူအရာသည် ပို၍ပင် သဘာဝမကျဖြစ်လာခဲ့လေသည်။

သေချာပေါက် တစ်ခုခုဖြစ်နေတာပဲ ဖြစ်ရမယ်။

ရွှီကျောက်၏အမူအရာသည် လေးနက်လာခဲ့ပြီး ပြောလိုက်၏။ " မား၊ ကျွန်တော့်ဆီကနေ မဖုံးကွယ်ပါနဲ့။ အမှန်အတိုင်း ပြောပြပါ။ ဒီမှာ ဘာတွေဖြစ်သွားလို့လဲ "

ရွှီမားမားသည် သူနှင့် လှည့်ပတ်စကားပြောရန် ကြိုးစားနေဆဲဖြစ်လေသည်။

ရွှီကျောက်သည် စကားလမ်းကြောင်းပြောင်းမှုကို လက်မခံခဲ့ဘဲ တည့်တည့်ပင် မေးလိုက်၏။ "ဆိုင်မှာ တစ်ခုခုဖြစ်သွားတာလား။ သတင်းဆိုးတစ်ခုရခဲ့လို့လား "

ရွှီမားမားသည် အလျင်အမြန်ပင် တုန့်ပြန်ငြင်းဆိုလာခဲ့လေ၏။ “မဟုတ်ပါဘူး။ အဲ့လိုမျိုး တစ်ခုမှမဟုတ်ဘူး။ ဆိုင်က ကောင်းပါတယ်။ စီးပွားရေးက အရမ်းကောင်းပြီး အမေ သတင်းဆိုးတစ်ခုမှ မရခဲ့ပါဘူး။ အကုန်လုံး အရမ်းကောင်းပါတယ်”

ရွှီကျောက်က ထပ်မေးလိုက်၏။ " အမေနဲ့အဖေကို ခရိုင်မြို့က တစ်ယောက်ယောက်က အနိုင်ကျင့်ခဲ့တာလား "

ရွှီမားမားက ချက်ချင်းပဲ ပြန်ဖြေလေ၏။ "မဟုတ်ဘူး"

ရွှီကျောက်က ဆက်မေးလေ၏။ “ဒါဆို ဘာလဲ—”

ရွှီမားမားသည် ရွှီကျောက်၏ စစ်ဆေးမေးမြန်းမှုကို ထပ်တောင့်မခံနိုင်တော့ဘဲ အမှန်တရားကို ပြောပြရလေတော့၏။ “ဇွာချန်း နှင့် ယို့ချန်း ရောက်လာခဲ့တယ်”

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now