အခန်း(၁၃၆) ဂရုစိုက်ပါ

3K 473 15
                                    


အခန်း(၁၃၆) ဂရုစိုက်ပါ

ရှက်လိုက်တာ။


အရမ်းရှက်ဖို့ကောင်းတာပဲ။


အမြဲတမ်း အရည်အချင်း အတွေ့အကြုံပြည့်၀သည့် စွေ့တင်းချန်သည် ယခုအခိုက်အတန့်တွင် လူများဝိုင်းကြည့်သောကြောင့် ရှက်ရခြင်းအား မည်ကဲ့သို့ သက်သာရာရအောင် လုပ်ရမှန်းမသိတော့ချေ။ ခြံဝန်းတစ်ခုလုံးရှိ လေထုသည် ရုတ်တရက် ရပ်တန့်သွားလေ၏။ အရှက်ရသည့် အခြေအနေကို အနည်းငယ် ထိန်းနိုင်ရန် ရွှီမားမားက အစပြုလိုက်လေ၏။


အနည်းငယ်လေးသာ ပြေလျော့သွားလေသည်။


ရွှီကျောက်နှင့် စွေ့တင်းချန်တို့သည် သကျွမ်း၏အဖေ နှင့် အခြားသူများ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ၊ စစ်ဆေးမှုများ နှင့် ရယ်မောလိုခြင်းများ ပြည့်နှက်နေကြောင်း ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသောကြောင့်ဖြစ်လေသည်။ သူတို့နှစ်ဦးသည် ဘာမှမမြင်ရကြောင်းသာ ဟန်ဆောင်နိုင်ခဲ့ကြလေသည်။ အဆုံးမှာတော့ သတင်းပေါက်ကြားခဲ့သူမှာ သူတို့၏သားဖြစ်သူပင် ဖြစ် လေတော့သည်။


သူ့ကို ခွင့်လွှတ်နိုင်ရုံသာ တတ်နိုင်ကြလေသည်။


နှစ်ယောက်သားသည် အရေထူထူနှင့်သွားကာ စားသောက်ကြပြီးနောက် အလုပ်သွားကြလေ၏။ အရေပြား ထူလာသောအခါမှာသာ သူတို့ ဘာမဆို လုပ်နိုင်ကြောင်း နှစ်ယောက်သား သဘောပေါက်သွားကြလေ၏။ နှစ်ယောက်သားသည် တည်တည်ငြိမ်ငြိမ်ဖြင့်ပင် အလုပ်များကို လက်လွှဲပေးပြီး အလုပ်များသည့် ဟင်းသီးဟင်းရွက်များ ရောင်းချခြင်းကို စတင်ကြလေ၏။ တစ်ချိန်တည်းတွင် ဂျုံစပါးရိတ်သိမ်းရမည့်အချိန်လည်းဖြစ်လေသည်။


ပြောရလျှင် ရွှီကျောက်သည် နန်ဝမ်ကျေးရွာတွင် လယ်မြေ မူးနှစ်ဆယ်ကျော်ကိုယူရန် ရွာလူကြီးနှင့် သဘောတူညီချက်ကို ချုပ်ဆိုခဲ့ပြီး ဖန်လုံအိမ် ဟင်းသီးဟင်းရွက်များ စတင်စိုက်ပျိုးရန် လိုအပ်လေသည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now