အခန်း(၁၉) ကောက်နှံအခွန် ပေးဆောင်ခြင်း

5.7K 921 60
                                    

အခန်း(၁၉) ကောက်နှံအခွန် ပေးဆောင်ခြင်း

ရွှီဖန်သည် ပထမဆုံး အော်ဟစ်လာသူဖြစ်လေ၏။ " ဝိုး၊ ကားကြီးတစ်စီးပဲ၊ ကားကြီး! "

သကျွမ်းလည်း နောက်မှလိုက်၍ ပြောလေ၏။ " ဘယ်လောက်တောင်ကြီးတဲ့ ကားကြီးလဲ! ဝိုး! "

ရွှီဖန်သည် အလွန်အမင်းကို ပျော်နေပြီး ရွှီကျောက်ဘက်သို့ လှည့်ကာ ကားကိုညွှန်ပြလိုက်ပြီး " ပါးပါး၊ ကြည့်ပါဦး! ပါးပါး ကြည့်ပါအုံး! အဲ့ဒါ ကားကြီးပဲ! "

" ရွှီဖန်၊ အဲ့ဒါက ကားကြီးမဟုတ်ပါဘူး၊ ကားသေးသေးလေးပဲ " ရွှီကျောက်သည် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

" အဲ့ဒါ ကားကြီးပါ " ရွှီဖန်က ပြောလေ၏။

" ကားသေး " ရွှီကျောက်က အမှန်ပြင်ပေးလိုက်၏။

" ကြီးတယ်! "

" အသေး "

" ပါးပါး၊ အဲ့ဒါက အကြီးကြီးပါ။ ဘယ်လောက်ကြီးသလဲ ကြည့်လိုက်ပါအုံး! ဝိုး ကားကြီးကြီး! " ရွှီဖန်သည် ခိုင်ခိုင်မာမာပြောလေ၏။

“…”

ရွှီကျောက် နှိုင်းယှဉ်ပြလို့ရသည့် အခြားကားများမရှိသောကြောင့် ကားကြီးနှင့်ကားသေးကြားက ကွာခြားချက်ကို ရွှီဖန်အား ရှင်းမပြနိုင်ခဲ့ပါချေ။ သူ ဤပြဿနာကို ယခုလောလောဆယ်တော့ ဘေးဖယ်ထားရလိမ့်မည်။ ယခု သူတို့လှည်းကို ရှေ့သို့ တစ်လှမ်းတွန်းဖို့ လိုအပ်နေပြီမို့ အနက်ရောင်ကားဆီသို့ ပြေးဖို့ ကြိုးစားနေသည့် ရွှီဖန်နှင့် သကျွမ်း တို့ကို အလျင်အမြန် ပိတ်ဆို့ပြီးတားလိုက်ရ၏။ သူ ကားပြတင်းပေါက်ကို တစ်ချက်မကြည့်ဘဲ မနေနိုင်ခဲ့ကာ ပြတင်းပေါက်မှတဆင့် တင်းမာသောလေထုရှိနေသည့် လူချောတစ်ယောက်ကို တွေ့လိုက်ရလေသည်။

[TN: နောက်ဆုံးတော့ ကိုယ့်တို့ ML ကြီးက လူလုံးလေးပေါ်ပြီး ဇာတ်ကွက်ထဲရောက်လာပါပြီ။ မကြာခင် နာမည်ကော လူကော သေသေချာချာပါပါတော့မယ် sob sob ...]

ရွှီကျောက် ရှင်းရှင်းလင်းလင်း မမြင်ရသေးခင်မှာပင် အနက်ရောင်ကားသည် ဆန်စပါးထောက်ပံ့ရေးစခန်းမှ မောင်းထွက်သွားပြီးဖြစ်ကာ ကွေ့သွားခဲ့ပြီး လူတိုင်း၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။ သို့သော်လည်း လူတိုင်းက အားကျ မနာလိုပြီး အနက်ရောင်ကားထဲတွင် စီးနိုင်ဖို့က ဘယ်လိုဖြစ်မလဲဆိုသည်ကို အိပ်မက်မက်နေကြဆဲပင်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now