အခန်း(၈၁) မျက်မမြင်ချိန်းတွေ့မှု ကျရှုံး

3K 504 8
                                    

အခန်း(၈၁) မျက်မမြင်ချိန်းတွေ့မှု ကျရှုံး

" ပါးပါး "

“…”

" ပါးပါး၊ ပါးပါး "

“…”

၀မ်းပန်းတနည်း အော်ခေါ်နေသံသည် ရွှီကျောက်၏ နားထဲသို့ ရောက်လာခဲ့လေ၏။ ရွှီကျောက်၏ နှလုံးသားကို ဆက်မထိန်းနိုင်တော့ချေ။ ထို့နှင့် သူ စက်ဘီးပေါ်ကဆင်းပြီး ရွှီဖန်ကို လှည့်ကြည့်လိုက်၏။ ရွှီဖန်သည် ငိုနေပြီး မျက်ရည်များနှင့် နှာရည်များဖြင့် မျက်နှာတစ်ပြင်လုံးကို ဖုံးနေလေ၏။ သူ့ခြေဖဝါးသေးသေးလေးနှင့် သူ့နောက်သို့ပြေးလိုက်ဖို့ တဖုတ်ဖုတ်ပြေးလာလေ၏။

" ပါးပါး "

ရွှီကျောက်သည် စက်ဘီးကို ဒေါက်ထောက်လိုက်ပြီး ရွှီဖန်ကို ဆီးကြိုလိုက်၏။ သူ ရွှီဖန်ကို ကောက်ချီလိုက်ပြီး ရွှီဖန်၏နှပ်ချေးများကို သုတ်ပေးဖို့ သူ့အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်လိုက်၏။ ပြီးနောက် သူရွှီဖန်ကို ချော့လိုက်၏။ ကလေးတစ်ယောက်ကို မျက်မမြင်ချိန်းတွေ့သည့်ဆီသို့ ခေါ်သွားရန် သင့်တော်ပါ့မလားဟု တွေးနေခဲ့လေသည်။

အဆုံးတွင် သူ ရွှီဖန်ကို မခေါ်သွားခဲ့ချေ။ သူ စက်ဘီးအမြန်နင်းထွက်မသွားခင် ရွှီဖန်ကို ရွှီမားမား၏စောင့်ရှောက်မှုဖြင့် နန်၀မ်းရွာတွင် ထားခဲ့လေ၏။ သူ ခရိုင်မြို့သို့မရောက်မီ လမ်းဆုံတွင် သကျွမ်း၏အဖေစောင့်နေသည်ကို တွေ့လိုက်ရလေသည်။

" အစ်ကိုလီ " ရွှီကျောက် နင်းသွားလိုက်ရင်း မေးလိုက်၏။ " ခင်ဗျား ဘယ်အချိန်တုန်းက ရောက်နေတာလဲ "

" ငါ အခုပဲ ရောက်တာ " သကျွမ်း၏အဖေသည် သူ့နဖူးမှ စိုရွှဲနေသော ချွေးများကိုသုတ်လိုက်၏။

" ခင်ဗျားဘာလို့ ကျွန်တော့်ကို စက်ဘီးနဲ့တင်ခေါ်မသွားခိုင်းတာလဲ "

" ငါက အရမ်းလေးတယ်ကွ"

" ကျွန်တော် တင်နင်းနိုင်ပါတယ်။ တက် "

" မလိုပါဘူးကွာ။ ငါ လမ်းပဲလျှောက်သွားလိုက်မယ်။ သိပ်မဝေးတော့ပါဘူး "

သကျွမ်၏အဖေသည် ရွှီကျောက်ကို ဒုက္ခမပေးချင်နေဆဲပင်။ ရွှီကျောက်က အလေးအနက်ပြောလိုက်၏။ " ခင်ဗျား အရင်က မစီးဘူးတာလဲမဟုတ်ဘူး။ ခင်ဗျား အရင် ဒဏ်ရာရတုန်းက ကျွန်တော်ပဲ ခင်ဗျားကို ကျွန်တော့်နောက်ကနေ ဆေးရုံကို သယ်သွားတာပဲ မဟုတ်ဘူးလား။ တက်ပါ "

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now