အခန်း(၆၄) အောင်မြင်သွားပြီ

3.5K 585 63
                                    

အခန်း(၆၄) အောင်မြင်သွားပြီ

ရွှီကျောက်ရဲ့ အိမ်...

ရွှီမားမားနှင့် ရွှီပါးပါးတို့သည် ထိုအမည်မသိလူနှစ်ယောက်ကို အကဲဖြတ်နေကြလေသည်။ တစ်ယောက်သည် အရပ်ရှည်ပြီး နောက်တစ်ယောက်သည် အရပ်ပုလေ၏။ သူတို့သည် ရိုးရိုးရှင်းရှင်းဖြစ်ပုံရသော်လည်း သန့်ရှင်းသပ်ရပ်သည့် အဝတ်အစားများကို ၀တ်ထားကြပြီး ထိုအ၀တ်အစားများတွင် ဖာထေးရာ တစ်ခုတောင်မပါချေ။ လူကြီးနှစ်ယောက်သည် သူတို့အား သတိမပြုမိကြောင်း အတည်ပြုခဲ့ကြပြီး သူတို့၏ အကြည့်များကို ရွှီကျောက်ဆီသို့ မရွှေ့ဘဲ မတတ်နိုင်တော့ချေ။

ရွှီကျောက်သည် လူနှစ်ယောက်ကို ကြည့်ပြီး သူတို့ကို မမှတ်မိကြောင်း အတည်ပြုပြီးပြီဖြစ်လေရာ၊ မေးလိုက်၏။ "ခင်ဗျားတို့ ရွှီကျောက်ကို ရှာနေတာလား"

“ဟုတ်တယ်၊ ဟုတ်တယ်” အမည်မသိလူနှစ်ယောက်က အတူတူပြန်ဖြေလေသည်။

ရွှီကျောက်သည် ပြုံးပြီး ပြောလိုက်၏။ " အဲ့ဒါက ကျွန်တော်ပါပဲ"

"အဲ့ဒါ မင်းလား " ရွှီကျောက်သည် ဤမျှငယ်ရွယ်မည်ကို ဘယ်တုန်းကမှ မမျှော်လင့်ထားသကဲ့သို့ အမည်မသိလူနှစ်ယောက်၏ မျက်နှာတွင် အံ့အားသင့်မှုများ ဖြတ်သွားလေ၏။

ရွှီကျောက် ခေါင်းညိတ်လိုက်ပြီး "အင်း၊ ကျွန်တော်က ရွှီကျောက်။ ခင်‌ဗျားတို့ အသီးအရွက်တွေကို ကြည့်ဖို့ ရောက်လာတာလား "

" ဟုတ်တယ် " ဟု လူနှစ်ယောက်က တပြိုင်တည်း ခေါင်းညိတ်ပြလေ၏။

" ကျွန်တော့်နောက် လိုက်လာခဲ့ပါ "

လူနှစ်ယောက် ရုတ်တရက်ရောက်လာခြင်းသည် ရွှီကျောက်သည် လုံးဝ မအံ့သြခဲ့သော်လည်း သူတို့၏ အလည်အပတ်ကို ကြိုသိထားသကဲ့သို့ အေးဆေးတည်ငြိမ်စွာ လက်ခံခဲ့လေသည်။ သူသည် သူ့ခြေထောက်ပေါ်ရှိ ရွှီဖန်ကို ရွှီမားမားကို အပ်လိုက်ပြီးနောက် ထိုလူနှစ်ယောက်ကို ဖန်လုံအိမ်ဆီသို့ ခေါ်သွားလေသည်။ သူတို့သည် ဖန်လုံအိမ်ပတ်လည်ကို တစ်ချက်ကြည့်ကြပြီး အသီးအရွက်များအကြောင်း အနည်းငယ်ပြောဆိုကြပြီး ခြံဝင်းဟောင်းသို့ ပြန်မသွားခင် ထိုလူနှစ်ယောက်ကို ပြန်လိုက်ပို့လိုက်သည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now