အခန်း(၆၁) အခြေအနေကိုအကဲခတ်ကြည့်ခြင်း

3.7K 621 34
                                    

အခန်း(၆၁) အခြေအနေကိုအကဲခတ်ကြည့်ခြင်း

"မီး-မီးခြစ်က အခုလေးတင် ပြုတ်ကျသွားလို့" စွေ့တင်းချန်က နောက်ထပ်ရှင်းပြချက်တစ်ခု ထပ်ပြော လိုက်သည်။

"မီးခြစ် ကွဲသွားပြီလား" ဟု ရွှီကျောက်က မေးလိုက်သည်။

“မဟုတ်ဘူး” စွေ့တင်းချန်သည် မီးလောင်ခံလိုက်ရသော လက်ကို အိတ်ကပ်ထဲသို့ ထည့်လိုက်၏။

" တော်သေးတာပေါ့ " သူလိုအပ်တာသည်များကို ဆွေးနွေးထားပြီးဖြစ်ကာ တခြားကိစ္စ မရှိတော့သဖြင့် ရွှီကျောက်က ပြောလိုက်၏။ "ရှောင်ရှု၊ ခင်ဗျားအလုပ်များနေရင် သွားဂရုစိုက်လိုက်ပါ။ ကျွန်တော် ပန်းကန်တွေ ဆေးလိုက်ပါ့မယ်"

စွေ့တင်းချန် ခေါင်းညိတ်ပြလိုက်ပြီး သူ့၏ တုန်လှုပ်နေသည့်နှလုံးသား အနည်းငယ် သက်သာသွားလေကာ ပြောလိုက်၏။ “ကောင်းပြီ၊ ကိုယ့်ဘဏ်စာအုပ် သွားယူလိုက်မယ်”

ရွှီကျောက် ပြုံးပြလိုက်ပြီး ပြန်ဖြေလိုက်၏။ " အင်း "

စွေ့တင်းချန်သည် မီးဖိုခန်းထဲမှ ထွက်သွားလေ၏။

ရွှီကျောက်သည် ကောင်တာရှေ့တွင်ရပ်နေလေ၏။ သူသည် အိုးခွက်ပန်းကန်များ၊ ပန်းကန်လုံးများ၊နှင့် ဘေစင်ကို သန့်စင်ခဲ့ရုံသာမက ကောင်တာ၏ကြွေပြားများကိုတောင် တောက်ပြောင်သည်အထိ ပွတ်တိုက်ခဲ့လေသည်။ ထို့နောက် ခါးစည်းကိုချွတ်ကာ မီးဖိုချောင်မှထွက်လာခဲ့ပြီး စက်ဘီးဆီသို့ သွားလိုက်၏။ သူယူလာသည့် အ၀တ်အိတ်ထဲမှ သူပြင်ဆင်ထားသည့် ဘောပင်နှင့် စာရွက်ကို ထုတ်ပြီး မတူညီသည့် IOUနှစ်ခုကို ရေးလိုက်ကာ ပင်မခန်းမကနေ ထွက်လာသည့် စွေ့တင်းချန်ကို ကမ်းပေးလိုက်၏။

“ဒါက ဘာလဲ” စွေ့တင်းချန်က သံသယနှင့် မေးလိုက်သည်။

" IOU, သူတို့မှာ လက်မှတ်ထိုးပြီး ကျွန်တော်တို့ တစ်ယောက် တစ်ခုစီ ရလိမ့်မယ်" ဟု ရွှီကျောက်က ဖြေလိုက်သည်။

သူတကယ်ကြီး IOU တစ်ခု ရေးခဲ့တာပဲ။

စွေ့တင်းချန်သည် ရုပ်ဆိုးသော လက်ရေးနှင့် စာရွက်နှစ်ရွက်ကို စိုက်ကြည့်နေလေ၏။ သူ့မျက်နှာပေါ်တွင် ကူကယ်ရာမဲ့အပြုံးတစ်ခု ရှိနေခဲ့ပြီး ရွှီကျောက်၏ ဘောပင်ကို လှမ်းယူလိုက်ကာ စာရွက်နှစ်ရွက်ပေါ်တွင် သူ့နာမည်ကို ချောမွေ့စွာ ရေးထိုးလိုက်ပြီး ချက်ချင်းပင် ရွှီကျောက်၏ လက်ရေးကို ပို၍ ရုပ်ဆိုးသွားစေခဲ့လေသည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Où les histoires vivent. Découvrez maintenant