အခန်း(၇၈) အမှတ်တမဲ့တွေ့ဆုံခြင်း

3.5K 568 28
                                    

အခန်း(၇၈) အမှတ်တမဲ့တွေ့ဆုံခြင်း


အသံလာရာဘက်သို့ ကြည့်လိုက်ပြီး အဖြူရောင် နှင်းထုထဲတွင် ရုပ်သဏ္ဍာန်တစ်ခုကို တွေ့လိုက်ရလေ၏။ ဘယ်သူလဲ ဆိုသည်ကို ချက်ချင်း မှတ်မိလိုက်ပြီး စွေ့တင်းချန်ပင်။ သူသည် အနက်ရောင် သိုးမွှေးကုတ်အင်္ကျီကို ဝတ်ထားပြီး သူ့သဘာဝအလှသည် သူ့ကမ္ဘာနှင့် ကွဲထွက်နေလေ၏။ သာမန်လူတစ်ယောက်သည် ဤလို စိတ်ထားအပြုအမူမျိုး မရှိချေ။

မှန်ပါတယ်၊ အဲ့ဒါက ရှောင်ရှုပါပဲ။

ရွှီကျောက်သည် အသာပြုံးကာ လှမ်းခေါ်လိုက်၏။ " ရှောင်ရှု "

စွေ့တင်းချန်သည် ရွှီကျောက်ဆီသို့ လျှောက်လာလေ၏။

ရွှီကျောက်သည် ရှေ့နှစ်လှမ်းလောက် လှမ်းလိုက်ပြီး မေးလိုက်၏။ "ရှောင်ရှု၊ ဒီမှာ ဘာလုပ်နေတာလဲ"

စွေ့တင်းချန်သည် သူ့လက်ထဲရှိ အထည်အိတ်ကြီးကို မြှောက်ပြလိုက်၏။ " မင်းတို့အတွက် တစ်ခုခုပေးဖို့ "

ရွှီကျောက် သိချင်သွားလေကာ မေးလိုက်၏။" အဲ့ဒါက ဘာလဲ "

" နို့နဲ့ ၀က်ခြေထောက်တွေ "

ရွှီကျောက် နားမလည်ဘဲ စွေ့တင်းချန်ကို ဆက်ကြည့်နေလေသည်။

စွေ့တင်းချန်သည် ရွှီကျောက်ကို နူးညံ့စွာ ကြည့်နေပြီး ညင်သာစွာ ဆိုလေ၏။ "မနေ့က ကိုယ် ရွှီဖန်ကို ပေးမယ်လို့ ကတိပေးထားတာ။ မင်းတို့ကအပြေးအလွှား ပြန်သွားကြလို့ ပေးလိုက်ဖို့ မေ့သွားတာ "

ရွှီကျောက် အံ့သြသွားပြီး မေးလေ၏။ "ဒါဆို ခင်ဗျားက ဒီအတွက်လေးနဲ့ ရောက်လာတာလား"

" ကိုယ် အလုပ်မများနေပါဘူး " စွေ့တင်းချန်က အသံသည် တည်ငြိမ်နေလေ၏။

" ခင်ဗျား ဒီကို လမ်းလျှောက်ပြီးလာခဲ့တာလား "

စွေ့တင်းချန် ခေါင်းညိတ်ပြလိုက်၏။ "အင်း၊ နှင်းတွေ အရမ်းထူနေလို့ ကိုယ် ကားမမောင်းနိုင်ဘူးလေ။ လမ်းလျှောက်ပြီး ရှုခင်းတွေကို ခံစားဖို့ အကောင်းဆုံးအချိန်ဖြစ်သွားတယ် "

ခရိုင်မြို့မှ နန်၀မ်းကျေးရွာသို့ လမ်းလျှောက်ရသည်မှာ ဝေးလွန်းသည်။ မိနစ် ၄၀ မှ ၅၀ ခန့် ကြာနိုင်သည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now