အခန်း(၁၀၄) တိုးချဲ့ခြင်း

3.1K 520 18
                                    


အခန်း(၁၀၄) တိုးချဲ့ခြင်း





သကျွမ်း၏အမေသည် သူ အဝတ်အစားမဝတ်ထားသည့်အတွက် ရယ်မောနေသည်ဟု ခံစားလိုက်ရပုံ ရသောကြောင့် ရွှီဖန်သည် အနောက်ဘက်ခန်းသို့ဝင်ကာ အဝတ်အစားအချို့ဝတ်နေခြင်းဖြစ်လေသည်။ အ၀တ်အစားများ ၀တ်ရသည်မှာ ခက်ခဲလွန်းသော်လည်း ရွှီကျောက်သည် ရှေ့သို့လှမ်းကာ ရွှီဖန်အား အဝတ်အစားများ အဆင့်ဆင့်ဝတ်ဆင်ပုံကို သင်ပေးခဲ့သည်။


သို့သော်လည်း ရွှီဖန်၏ လက်များနှင့် ခြေထောက်လေးများသည် တိုလွန်းလေသည်။ သူ ကွေးလိုက်သည်နှင့် သူသည် အသားဘောလုံးသေးသေးလေး ဖြစ်လာလေသည်။ ရွှီဖန်သည် သူ့ဘောင်းဘီတိုကို သူ့ဘာသာသူ ဝတ်နိုင်သော်လည်း သူ့လက်တိုအင်္ကျီကိုတော့ လုံးဝ မဝတ်နိုင်ပါချေ။ ရွှီကျောက်သည် အတင်းအကြပ်တွန်းအားမပေးဘဲ ရွှီဖန်အား ဝတ်ဆင်ရန်ကူညီပေးလိုက်၏။ သူ ပြုံးပြီး ပြောလိုက်၏။ " ရွှီဖန်က အရမ်းတော်လိုက်တာ။ အခုဆို သားက သားဘာသာတောင် အ၀တ်အစား၀တ်နိုင်တာပဲ"

သူ့ကို ချီးကျူးလိုက်၏။


ရွှီဖန်သည် ကုတင်ပေါ်ကနေ လျှောချလိုက်ပြီး အလွန်ပျော်ရွှင်နေကာ အကောင်းမြင်လျက် ဆိုလေ၏။ "ပါးပါး၊ သား-သား သားဖိနပ်ကို သား-သားဘာသား စီးတတ်တယ်။ သား-သား ဖိနပ်လည်း စီးတတ်တယ်နော်"

" ကောင်းပြီ၊ သားဘာသား စီးကြည့်ပါအုံး "


သူ့ဖိနပ်လေးများသည် ရိုးရိုးခြေညှပ်ဖိနပ်လေးများဖြစ်၏။ အင်အားနည်းနည်းသုံးပြီး ခြေထောက်ကို ထိုးထည့်လိုက်သရွေ့ ၎င်းတို့ကို စီးနိုင်ပြီဖြစ်လေသည်။ ရွှီဖန်တွင် ခွန်အားမပြတ်လပ်နေပါချေ။ သူသည် အသက်တစ်ချက်ရှူသွင်းလိုက်ပြီး ဖိနပ်နှစ်ဖက်စလုံးကို စီးလိုက်ပြီးနောက် ခြေဖဝါးလေးကို ဆန့်ထုတ်လိုက်ကာ ရွှီကျောက်ကိုပြသလေ၏။ " ပါးပါး၊ ကြည့်၊ သား သူတို့ကိုဝတ်ထားတာ"

" အရမ်းတော်လိုက်တာ " ရွှီကျောက်သည် ရွှီဖန်ကို ချီးကျူးလိုက်လေ၏။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now