အခန်း(၅၅) စာအုပ်များ

3.9K 637 32
                                    

အခန်း(၅၅) စာအုပ်များ

ရေဒီယို ပြုတ်ကျသွားလေပြီ။

ရွှီဖန် အေးခဲသွားလေ၏။

ရွှီကျောက်၏ နားထင်များ နှစ်ချက်လောက် တုန်လှုပ်သွားရလေ၏။ သူဘာပြောခဲ့လဲ။ ပါးပါးက သူ့ကိုချစ်ပါတယ် ဟု ရွှီဖန်ကို ပြောပြခဲ့သည့်အပြင် ရေဒီယိုကို မလွှတ်ချဖို့ နှစ်ကြိမ်တိုင်တိုင် ပြောထားခဲ့ပုံရပြီး ရွှီဖန်သည် ၎င်းကို အမှန်တကယ် လွှတ်ချလိုက်၏။ ဒါ-ဒါက...  ရွှီကျောက် ရွှီဖန်ကို ပြောစရာစကားမဲ့စွာဖြင့် ကြည့်နေလိုက်၏။

ရွှီဖန်သည် ထိတ်လန့်ကြောက်ရွံ့နေလေ၏။ သူ့ပါးစပ်သေးသေးလေးသည် သာမာန်အားဖြင့် အဆက်မပြတ်ပြောဆိုနေသော်လည်း ယခုအချိန်တွင်မူ သူဘာမှတစ်ခွန်းမှ မပြောလာခဲ့ချေ။ သူ့ ရေဝိုင်းဝိုင်းမျက်လုံးများသည် ရွှီကျောက်ကို မဝံ့မရဲ စိုက်ကြည့်နေခဲ့လေသည်။

ရွှီကျောက်၏ အသံသည် နူးညံ့သိမ်မွေ့နေဆဲဖြစ်ကာ မေးလိုက်၏။ " ခုနကလေးတင် ပါးပါး သားကို ဘာပြောခဲ့လဲ "

"အဲဒါက သား ရေဒီယိုကို လွှတ်-လွှတ်-လွှတ်မချနိုင်ဘူး" ရွှီဖန်၏ နို့သံလေးက ပြန်ဖြေလေ၏။

" အခုကော "

ရွှီဖန်သည် သူ့ခေါင်းလေးကို ငုံ့လိုက်ပြီး ကူကယ်ရာမဲ့ အမူအရာနှင့် စကားပြောရင်း သူ့လက်ချောင်းလေးများကို လိမ်နေလေ၏။ “သား-အဲ့ဒါ ပြုတ်ကျသွားတယ်”

ရွှီကျောက်သည် မျက်နှာတည့်တည့်ဖြင့် တမင်တကာ မေးလိုက်သည်။ "အခု ပါးပါးတို့ ဘာလုပ်သင့်တယ်လို့ သားထင်လဲ "

“ရိုက်ခံရမယ်” ရွှီဖန်၏ အသံသည် ပုံမှန်ထက် အဆများစွာ ပိုတိတ်ဆိတ်သွားလေသည်။

အမှားတစ်ခုခုလုပ်မိပါက အပြစ်ပေးခံရလိမ့်မည်ဆိုသည်ကို သူသိသေးသည်။ မဆိုးပါဘူး။

"ရေဒီယိုကို ကောက်ပြီး ဒီကိုလာခဲ့" ဟု ရွှီကျောက်က ပြောလိုက်သည်။

ရွှီဖန်သည် သူ့ခန္ဓာကိုယ်သေးသေးလေးကို ချက်ခြင်းငုတ်တုတ်ထိုင်ချလိုက်ပြီး သူ့အသားပြည့်ပြည့်လက်ကလေးများက ရေဒီယို၊ ဘက်ထရီနှင့် ဘက်ထရီအဖုံးကို မြေကြီးပေါ်ကနေ ကောက်ကိုင်လိုက်ပြီး ၎င်းတို့ကို သူ့ရင်ဘတ်ထဲတွင် ပွေ့ဖက်ထားလေ၏။ ရွှီကျောက်ဆီသို့ လျှောက်သွားရင်း သူ့မျက်နှာသေးသေးလေးသည် တင်းမာနေခဲ့လေသည်။ ရွှီကျောက်ဆီသို့ မရောက်ခင် ရွှီကျောက်သည် သူ့လက်ကိုဆန့်ထုတ်လိုက်သည်ကို မြင်လြိက်ရပြီး ရွှီကျောက် သူ့ကို ရိုက်တော့မည်ဟု တွေးကာ" ဝါး" ခနဲ အသံတစ်ခုသည် တုန့်ဆိုင်းမှုမရှိဘဲ  ထွက်လာခဲ့လေ၏။  ငိုရင်း နှာခေါင်းနှင့် နှုတ်ခမ်းလေးများ နီရဲလာခဲ့လေကာ ကြီးစွာသော အမှားကြီး ခံလိုက်ရသလိုပင်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now