အခန်း(၁၀၁) ကျောင်းသွားချင်နေသည်

3.2K 510 10
                                    


အခန်း(၁၀၁) ကျောင်းသွားချင်နေသည်




" ပါးပါး "


" ပါးပါး "


"..."


ရွှီဖန်၏ နို့သံလေးများအောက်တွင် စွေ့တင်းချန်သည် ရွှီကျောက်၏နှုတ်ခမ်းကို ဖိကပ်ရုံသာ ဖိကပ်ထားလေ၏။ ပြီးနောက် ရွှီကျောက်၏လက်ကို ဖြည်းညှင်းစွာ လွှတ်လိုက်၏။ သူသည် မတ်မတ်ထထိုင်လိုက်ကာ သူ့ဘယ်ဘက်လက်ကို ပြန်ဆုတ်သွားလေ၏။ ရွှီဖန်သည် စကားတတွတ်တွတ်ပြောနေချိန်တွင် သူ ရွှီကျောက်အား စိုက်ကြည့်နေပြီး သူ့နှုတ်ခမ်းထောင့်များ ကော့တက်လာပြီး သူ့နှလုံးသားသည် ပျော်ရွှင်မှုများပြည့်နှက်နေခဲ့လေသည်။


ဤသည်မှာ ရွှီဖန်အပြင် တခြားသူထံမှ ရွှီကျောက် ပထမဆုံးအကြိမ် အနမ်းခံရခြင်းဖြစ်လေ၏။ အရင်ဆုံး အံ့အားသင့်နေပြီးနောက် သူ့မျက်နှာသည် ကြက်သွေးရောင်လို နီမြန်းလာလေ၏။ သူ့ ဦးနှောက်သည် အလုပ်မလုပ်တော့ဘဲ ရွှီဖန်ထံမှ နှစ်ကြိမ်တိုင်တိုင်တွန်းကာ လှုပ်နှိုးခံလိုက်ရပြီး အာရုံပြန်ရောက်လာကာ ရွှီဖန်ကို ကြည့်လိုက်၏။


ရွှီဖန်သည် သူ့မျက်နှာလေးကို မော့ပြီး မေးလာလေ၏။ "ပါးပါး၊ ဘာဖြစ်လို့ သားမျက်လုံးတွေကို ကာထားတာလဲ"


ရွှီကျောက်သည် နားမလည်ဘဲ မေးလိုက်၏။ " ဘာကိုလဲ "


ရွှီဖန် ထပ်မေးလိုက်၏။ " သားမျက်လုံးတွေကို ဘာလို့ကာထားတာလဲလို့ "


" ကာလိုက်တဲ့သူက ငါပဲ " ဟု စွေ့တင်းချန်က ပြောလိုက်လေ၏။


ရွှီဖန်သည် ခေါင်းလှည့်ပြီး မေးလိုက်၏။ "ဘာ-ဘာဖြစ်လို့ သားမျက်လုံးတွေကို ကာ-ကာထားရတာလဲ"


စွေ့တင်းချန်သည် ရွှီကျောက်ကို ကြည့်နေပြီး ရွှီဖန်ကို ပြောလိုက်၏။ "ငါ မင်းနဲ့ ကစားနေတာ"

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now