အခန်း(၁၁၆) ပြိုင်ဘက်ကို အနိုင်ယူ

2.8K 499 8
                                    


အခန်း(၁၁၆) ပြိုင်ဘက်ကို အနိုင်ယူ




အရမ်း ရိုးသားနေတော့တာပဲ။


ရွှီကျောက် လက်လှမ်းပြီး မီနူးကိုယူလိုက်၏။ ရွှီဖန်၏တောင်းဆိုချက်အရ သူနှင့် စွေ့တင်းချန်အား မီနူးကို ကျယ်လောင်စွာဖတ်ပြလိုက်လေ၏။ ဟင်းနှစ်ပွဲသုံးပွဲဖတ်ပြီးနောက် ရွှီကျောက်သည် စွေ့တင်းချန် နှင့် ရွှီဖန် တို့နှင့် ဆွေးနွေးရန် ရပ်လိုက်လိမ့်မည်ဖြစ်သည်။ နောက်ဆုံးတွင် အဓိဟင်းပွဲလေးပွဲ၊ စွတ်ပြုတ်တစ်ပွဲ နှင့် ကျောက်အိုးတစ်အိုး မှာလိုက်လေသည်။ သူတို့တွင် အဓိက အစားအစာများအပြင် ကြက်သား၊ ငါး၊ အသား နှင့် ကြက်ဥများ ရှိသည်။


စွေ့တင်းချန် ရွှီဖန်ကိုကြည့်လိုက်ပြီး စိုးရိမ်စွာ မေးလိုက်၏။ "စားစရာက လောက်ပြီလား"


ရွှီကျောက် အမြန်ခေါင်းညိတ်ပြလိုက်၏။ " လောက်ပြီ "


"ကောင်းပြီ၊ မလောက်ရင် ကိုယ်တို့ ထပ်မှာလို့ ရတယ်"


"ဟုတ်" စကားပြောပြီးနောက် ရွှီကျောက်သည် ရွှီဖန်၏ ညစ်ပတ်နေသော လက်လေးများကို တစ်ဖက်မှ တစ်ချက်လှမ်းကြည့်လိုက်လေ၏။ သူ စွေ့တင်းချန်ဘက်လှည့်ပြီး ပြောလိုက်၏။ " ရှောင်ရှု၊ ဒီမှာနေဦး။ ကျွန်တော် ရွှီဖန်ကို လက်ဆေးဖို့ ခေါ်သွားလိုက်ဦးမယ်။ သူ့လက်တွေ အရမ်းညစ်ပတ်နေတယ်"


" ကိုယ် ကူပေးရမလား " စွေ့တင်းချန်က မေးလေ၏။


"မလိုပါဘူး။ ကျွန်တော်တို့လက်ဆေးပြီးရင် ပြန်လာခဲ့မယ်" ရွှီကျောက်က ပြုံးလျက် "ဒါက ကြီးကြီးမားမား ကိစ္စမဟုတ်ပါဘူး"


စွေ့တင်းချန်ကလည်း ပြုံးပြလိုက်၏။ "ကောင်းပြီလေ၊ ကိုယ် မင်းတို့ကို ဒီမှာစောင့်နေမယ်"


"အင်း"


ရွှီကျောက် ရွှီဖန်ကို ခွေးခြေကနေခေါ်ပြီး ရွှီဖန်၏ ဖောင်းတုတ်တုတ်လက်သေးသေးလေးကို ဆွဲခေါ်သွားလေ၏။ သူတို့ သီးသန့်ခန်းထဲမှ ထွက်လာပြီး ရေချိုးခန်းဆီ ဦးတည်သွားကြလေ၏။ လမ်းတွင် အခန်း 206 ကိုဖြတ်သွားရာ အထဲမှ ရယ်မောသံများကို ကြားလိုက်ရလေသည်။ ၎င်းသည် ရွှီဖန်၏ အာရုံကို စွဲဆောင်သွားခဲ့ပြီး သူ မပြောဘဲမနေနိုင်ခဲ့ချေ။ " ပါးပါး၊ အထဲမှာ လူ-လူတွေ အများကြီး ရှိတယ်"

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now