အခန်း(၁၀၃) သိချင်နေ

3.1K 531 17
                                    


အခန်း(၁၀၃) သိချင်နေ










ထိုလူသည် ကျိုးရှန့်ချင်းဖြစ်လေ၏။




ကျိုးရှန့်ချင်းသည် ရွှီကျောက်နောက်သို့ တမင်တကာ လိုက်လာခြင်းမဟုတ်ချေ။ သူ ရုပ်ရှင်ကြည့်နေရင်း ရွှီကျောက် ပျောက်ဆုံးနေသည်ကို ရုတ်တရက် သတိပြုမိလိုက်သောကြောင့် သိချင်စွာနှင့် တစ်ချက်လောက်ကြည့်ရန် ကျေးရွာကော်မီတီဝင်းထဲမှထွက်လာပြီး တစ်ချိန်တည်းမှာပင် ကိစ္စများတိုက်ဆိုင်သွားခြင်းပင်။ ရွှီကျောက်သည် ‌ယောက်ျားတစ်ယောက်၏လက်အား ကိုင်ဆောင်ထားသည်ကို တွေ့ရမည်ဟု မမျှော်လင့်ထားခဲ့ချေ။




ပြီးတော့ ဖက်လည်းဖက်နေကြသေးတယ်။




ရွှီကျောက်မှာ သူကြိုက်တဲ့လူရှိနေတာပေါ့... ကျိုးရှန့်ချင်းသည် အလွန်ဝမ်းနည်းသွားလေ၏။ ထိုအချိန်၌ သူ ဖြတ်သွားသည့် ထရပ်ကား၏ ရှေ့မီးကိုသုံးပြီး သူ့ရှေ့ရှိလူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရလေသည်။ ပုံရိပ်တစ်ခုသည် ရုတ်တရက် သူ့စိတ်ထဲ၌ ဖြတ်ခနဲ လင်းလက်သွားလေ၏။




ဤပုံသည် လွန်ခဲ့သည့် နှစ်လကနေ သုံးလလောက်ကဖြစ်လေ၏။ သူ့ရှေ့ရှိလူသည် ရွှီကျောက်ကို ကော်လာပြင်ဖို့ ကူညီပေးနေသည့် မြင်ကွင်းတစ်ခုဖြစ်လေ၏။ ထိုအချိန်က ဤလူသည် အလွန်ရင်းနှီးသည်ဟု ခံစားမိခဲ့သော်လည်း ဘယ်နေရာမှာ မြင်ခဲ့ဖူးမှန်း သူမမှတ်မိခဲ့ချေ။ ဤပုံရိပ်သည် တခြားမြင်ကွင်းတစ်ခုနှင့် တူညီနေခဲ့ပြီး ထိုမြင်ကွင်းသည် လွန်ခဲ့သည့် လေးနှစ်လောက်က ဖြစ်ပုံရလေသည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now