အခန်း(၁၆) မိသားစုခွဲခြင်း

6K 942 26
                                    

အခန်း(၁၆) မိသားစုခွဲခြင်း

ရွှီဇွာချန်း နှင့် ရွှီယို့ချန်းတို့သည် လက်ရှိ သူတို့၏အခန်းများတွင် အနားယူနေကြ၏။ သူတို့သည် အစံကိုကြားလိုက်ကြသောအခါ သူတို့၏ အရှေ့နှင့်အနောက်တောင်ပံများ အသီးသီးမှ ထွက်လာကြလေ၏။ ရွှီကျောက်ကိုမြင်လိုက်ပြီး အနည်းငယ် ထိတ်လန့်သွားကြလေ၏။

" ရွှီကျောက် မင်းဘာလုပ်နေတာလဲ? " ရွှီဇွာချန်း ကမေးလေ၏။

ရွှီကျောက်သည် ရွှီဇွာချန်းဘက်လှည့်ပြီး မေစလိုက်၏။ " အစ်ကိုကြီး၊ မင်း ဖေဖေ့ရဲ့ကိစ္စကို ကူညီပေးမှာလား မကူညီပေးဘူးလား? "

“ ဘယ်လိုကူညီရမလဲ? ” ရွှီဇွာချန်းက ပြန်ပြောလေ၏။

" လုပ်အား နဲ့ ပိုက်ဆံ " ရွှီကျောက် ပြောလိုက်၏။

" ငါက ဘာလို့လုပ်သင့်တာလဲ? " ရွှီဇွာချန်းက ဆန္ဒမရှိနေချေ။

" ဘာကြောင့်လဲဆိုတော့ သူက မင်းရဲ့အဖေလေ "

“သူက မင်းရဲ့အဖေလည်း ဟုတ်တယ်‌လေ” ရွှီ‌ဇွာချန်းက ပြန်ပြောသည်။

ရွှီကျောက်သည် ရွှီဇွာချန်းကိုကြည့်ပြီး ပြောလိုက်၏။ " ဒါကြောင့် ငါသူ့ကိုကူညီရမှာပဲ "

၎င်းကိုကြားပြီး ရွှီဇွာချန်း နှင့် ရွှီယို့ချန်းတို့ ထိတ်လန့်သွားကြလေသည်။

" မင်းတို့ ဘာပြောကြမလဲ? " ရွှီကျောက်က ဆက်မေးလေ၏။

" ဘာအကြောင်းပြောရမလဲ? " ရွှီဇွာချန်း က မေးလာခဲ့လေ၏။

“ မင်း အဖေနဲ့အမေကို ထောက်ပံ့မှာလား မထောက်ပံ့ဘူးလား? ”

ရွှီဇွာချန်း နှင့် ရွှီယို့ချန်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် အတူတူပြောလာကြလေ၏။ “ ဒါ မင်းအဖေနဲ့အမေပဲကွ! ”

သူ့ညီအကိုနှစ်ယောက် ဒီလိုပြုမူမယ်ဆိုတာ သူသိခဲ့၏။

" မင်းတို့ သူတို့ကို မလိုချင်တော့တာ သေချာပြီလား? " ရွှီကျောက် မေးလိုက်သည်။

" သူတို့ကို လိုချင်တဲ့သူ သူတို့ကိုရနိုင်တယ်။ ဘာပဲဖြစ်ဖြစ် သူတို့က မင်းကို အချစ်ဆုံးပဲ‌လေ ” ရွှီဇွာချန်းသည် သူ့တာဝန်ကို ဘေးဖယ်ထားလိုက်၏။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now