အခန်း(၁၂၄) စိတ်အေးအေးထား

3K 516 9
                                    


အခန်း(၁၂၄) စိတ်အေးအေးထား






ရွှီဖန်က စွေ့တင်းချန်ရဲ့သား။


ဆိုလိုသည်မှာ လွန်ခဲ့သောငါးနှစ်လောက်က ဆောက်လုပ်ရေးဟိုတယ်က လူလည်း ဖြစ်သည်။ ၎င်းသည် မဖြစ်နိုင်ချေ။ မဖြစ်နိုင်။ ရွှီကျောက် စွေ့တင်းချန်ကို မယုံကြည်နိုင်လောက်သည့် အကြည့်နှင့် ကြည့်လိုက်ပြီး မေးလိုက်၏။ " ရှောင်ရှု၊ ခင်ဗျား နောက်နေတာ၊ ဟုတ််တယ်မလား "


စွေ့တင်းချန်သည် လေးနက်စွာ ဆိုလေ၏။ " ကိုယ် မနောက်ပါဘူး "


ရွှီကျောက်သည် မှင်သက်နေလေကာ မေးလာခဲ့လေ၏။ "ဒါ- ဒါဆို ရွှီဖန်က ခင်ဗျားရဲ့သားမှန်း ဘယ်လိုသိတာလဲ"


စွေ့တင်းချန်က ပြန်ဖြေလေ၏။ " ရှန့်ကျားယန်ကြောင့် "


" ရှန့်ကျားယန်လား၊ ရှန့်ကျားယန်နဲ့ ဘာဆိုင်လို့လဲ "


ရှန့်ကျားယန်၏ ဖော်ပြချက်နှင့်အတူ စွေ့တင်းချန်၏ မျက်လုံးများထဲတွင် ရွံရှာမုန်းတီးမှု အရိပ်အယောင်များ လက်လာကာ ဆိုလေ၏။ "သူက ကိုယ့်ကို ဖုံးကွယ်ထားပြီး မင်းကိုလည်း ကြံစည်နေခဲ့တာ"


ရွှီကျောက် နားမလည်ခဲ့ချေ။ သူ့စိတ်သည် လစ်ဟာသွားလေ၏။


စွေ့တင်းချန်သည် ရွှီကျောက်ကိုကြည့်လိုက်ကာ လွန်ခဲ့သောငါးနှစ်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ပြန်ပြောပြလေသည်-လွန်ခဲ့သည့်ငါးနှစ်က၊ သူ အရက်မူးပြီး ဆောက်လုပ်ရေးဟိုတယ်၏ ဒုတိယထပ် အခန်း 206 သို့ သူညီအစ်ကိုထံမှ ခေါ်သွားခံရကာ အမျိုးသားတစ်ဦးနှင့် အိပ်မိခဲ့သည်။ သူ နိုးလာသောအခါ ထိုလူသည် ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့လေပြီ။ သူ ထိုလူကို ရှာဖွေနေစဉ် သူ့ညီအစ်ကိုဖြစ်သူကို အပြစ်ပေးခဲ့ပြီး သူနှင့်အိပ်ခဲ့သည့်သူမှာ ရှန့်ကျားယန် ဖြစ်သည်ကို သူညီအစ်ကိုထံမှ သိရှိခဲ့ရသည်။ ရှန့်ကျားယန်ကလည်း အတည်ပြုခဲ့သည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now