အခန်း(၉၅) စိုးရိမ်မှု

3.3K 543 8
                                    

အခန်း(၉၅) စိုးရိမ်မှု






ရွှီဇွာချန်းနှင့် ရွှီယို့ချန်းတို့ ရန်ဖြစ်နေကြတာလား။


အဲဒါက မထင်ထားစရာပဲ။


ရွှီကျောက်သည် ဖြစ်ပျက်နေသည်ကို ကြည့်ရန် သကျွမ်း၏အဖေနောက်သို့ ချက်ချင်းလိုက်သွားလေ၏။ အခင်းဖြစ်ပွားရာသို့ မရောက်မီတွင် ရွှီဇွာချန်း နှင့် ရွှီယို့ချန်းတို့၏ အော်ဟစ်ဆဲဆိုသံများကြားလိုက်ရလေသည်။ ၎င်းတို့အနက် သူ့မရီးနှစ်ယောက်ထံမှ ဆဲဆိုကဲ့ရဲ့သံများ ထွက်လာလေသည်။ ရွှီကျောက် သူတို့ဆီသို့မရောက်သေးခင်မှာပင် ရွှီဖန်နှင့်သကျွမ်းတို့သည် သူတို့၏ ခြေထောက်တိုတိုလေးများနှင့် အပြေးအလွှားပြေးသွားကြလျက် "ရှေ့တန်း" တွင် ရောက်နေသည်ကို မြင်လိုက်ရလေ၏။ 


" ရွှီဖန် " 


" သကျွမ်း " 


ရွှီကျောက်နှင့် သကျွမ်း၏အဖေသည် ရှေ့ကို လှမ်းသွားပြီး သူတို့လက်မောင်းထဲသို့ ကလေးများကို ပွေ့ချီလိုက်ကြလေသည်။ ကလေးများသည် လှည့်ကြည့်ကာ စိတ်လှုပ်ရှားစရာကို စောင့်ကြည့်ရန် လူကြီးနှစ်ယောက်ရောက်လာသည်ကို မြင်လိုက်ရလေ၏။ သူတို့သည် တကယ်ပင် စိတ်လှုပ်ရှားစရာကို စောင့်ကြည့်နေရုံသာဖြစ်လေ၏။ ရွှီပါးပါးသည်ပင် စကားမပြောဘဲ ဘာတစ်ခုမှ ဝင်မစွက်ဖက်ခဲ့ချေ။ 


ရွှီ နှင့် လီ မိသားစုများသည် သူတို့၏ အိမ်များမှ စောင့်ကြည့်နေခဲ့ကြသည်။ ရွာသားများ၏ ဆွေးနွေးနေခြင်းများဆီမှ အော်ဟစ်ငေါက်ငမ်းမှုများ၏ ယေဘုယျအကြောင်းတရားကို စုဆောင်းခဲ့ကြသည်။


ထိုကိစ္စတွင် အကြီးဆုံးဖြစ်သူ ရွှီဇွာချန်း ပါ၀င်လေသည်။ သူသည် ဖန်လုံအိမ်ဆောက်ရန်အတွက် သူ့ယောက္ခမထံမှ ပိုက်ဆံချေးခဲ့ရုံသာမက ရွှီယို့ချန်း၏အမည်ကို အသုံးပြုကာ ရွှီယို့ချန်း၏ယောက္ခမထံမှလည်း ပိုက်ဆံချေးခဲ့လေသည်။ သူတကယ်ကို ရူးသွပ်နေခဲ့သည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now