အခန်း(၁၀၇) လမ်းမလျှောက်နိုင်တော့ဘူး

3.1K 542 10
                                    


အခန်း(၁၀၇) လမ်းမလျှောက်နိုင်တော့ဘူး





သူ့ကို ဘယ်သူက စကားလုံးတွေသင်ပေးထားတာလဲ။


ရွှီကျောက် သူ့ကိုယ်သူ ပြန်တွေးကြည့်လိုက်မိ၏။ သူ ရွှီဖန်အား လတ်တလော၌ "ညင်သာတယ်" ဟူသည့် စကားလုံးကို မသင်ပေးခဲ့ဖူးဘဲ သူတို့သည် စကားလုံးတစ်လုံးချင်းစီကို မရှင်းပြခဲ့ချေ။ သို့သော်လည်း ရွှီဖန်သည် အံ့သြစရာကောင်းသည့် စကားများကို ပြောခဲ့သည်မှာ ဒါပထမဆုံးအကြိမ်မဟုတ်တော့ပါချေ။ ထို့ကြောင့် ရွှီကျောက်သည် ဤရလဒ်ကို ရရှိခဲ့လေတော့သည်။ " ဒီစကားလုံးကို သူကိုယ်တိုင် 'ကောက်ချက်ချခဲ့တာ" ဖြစ်နိုင်မလားပဲ "


စွေ့တင်းချန်သည် အံ့အားသင့်သွားပြီး မေးလိုက်၏။ "သူက ဒီစကားလုံးကို သူဘာသာသူ "ကောက်ချက်ချလိုက်တာ" လား "


ရွှီကျောက် ခေါင်းညိတ်ပြလိုက်၏။ "သူက နေ့တိုင်း ရေဒီယိုက ဇာတ်လမ်းတွေ နားထောင်နေတာ။ သူ ဒီစကားလုံးကို သတိလက်လွတ် မှတ်ထားမိပြီး မတော်တဆ မှန်မှန်ကန်ကန် သုံးခဲ့တာ ဖြစ်နိုင်တယ်။ အချိန် အများစုကတော့ သူက စကားလုံးတွေကို မှားမှားယွင်းယွင်းနဲ့ သုံးမိလိမ့်မယ်"


စွေ့တင်းချန်သည် ထွားကျိုင်းသောရွှီဖန်ကို ပြန်လှည့်ကြည့်လိုက်၏။


ရွှီဖန်သည် ရွှီကျောက်၏ရင်ခွင်ထဲတွင် မှီထိုင်နေဆဲဖြစ်ကာ ဓာတ်မီးဖြင့် ကစားနေလေပြီး စွေ့တင်းချန်ကို လုံး၀လျစ်လျူရှုထားလေသည်။ စွေ့တင်းချန်သည် ကလေးနှင့် မည်သို့ "စေ့စေ့စပ်စပ်" ပြောဆိုရမည်ကို မသိသေးပါ‌ချေ။ သူ ပြန်သွားသောအခါတွင် စွေ့မားမားကို မေးရဦးမည်ဖြစ်ကာ ရွှီဖန်နှင့် မည်သို့ပြောဆိုဆက်သွယ်ရမည်ကို သင်ယူရပေလိမ့်မည်။


ထို့ကြောင့် သူ ရွှီဖန်ထံမှ အတွေးများနှင့်အကြည့်ကို ပြန်ယူပြီး ရွှီကျောက်ဘက်သို့ လှည့်သွားလေ၏။ သူတို့သည် အချစ်အကြောင်း ထပ်မပြောနိုင်တော့ဘဲ ဖန်လုံအိမ် ဟင်းသီးဟင်းရွက်များဘက်သို့သာ လှည့်သွားရလေတော့သည်။ "ဟင်းသီးဟင်းရွက်တွေ ပေါက်လာပြီ။ နောက်ထပ် မင်းဘာဆက်လုပ်မှာလဲ"

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now