အခန်း(၃၉) အိမ်ပြန်လိုက်ပို့ခြင်း

4.8K 737 32
                                    

အခန်း(၃၉) အိမ်ပြန်လိုက်ပို့ခြင်း


" မင်း ဘာလို့မစားတာလဲ " စွေ့တင်းချန်က ရွှီဖန်ကိုကြည့်ပြီး မေးလိုက်။

ရွှီဖန်သည် စွေ့တင်းချန်ကို လျစ်လျူရှုထားပြီး ခေါင်းကို တစ်ဖက်သို့ စောင်းကာ အသက်မရှုသကဲ့သို့ ပါးစပ်လေးကို ပြားထားလိုက်လေသည်။

ဘာကို ဆိုလိုတာလဲ။

ဒီကလေးက ဘာလုပ်နေတာလဲ။

စွေ့တင်းချန်သည် ရွှီကျောက်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်၏။

ရွှီကျောက်သည် ရှက်ရွံ့စွာဖြင့် ရှင်းပြလိုက်လေ၏။ "သူက အသားစားရတာ ပိုကြိုက်တယ်"

“ညဘက်မှာ အသားစားတဲ့ ကလေးတွေက လွယ်လွယ်နဲ့ အစာမကြေနိုင်ဘူး။ ဂျုံယာဂုအဖြူကိုပဲ စားခိုင်းလိုက်ပါ” ဟု စွေ့တင်းချန်က အလွန်သဘာဝကျကျနှင့် ပြောလိုက်၏။

"အသားနည်းနည်းလောက်စားလို့ အဆင်ပြေပါတယ်" ရွှီကျောက်သည် ရွှီဖန်အတွက် ပြောပေးလေ၏။ "ဒါ့အပြင် အိပ်ရာမဝင်ခင် အချိန်လိုနေသေးတာပဲ။ ကျွန်တော်တို့ အိမ်ပြန်ရောက်တာနဲ့ သူက သကျွမ်းရဲ့အိမ်မှာ ဆော့ကစားဖို့ ပြေးသွားလိမ့်တယ်၊ ဆိုတော့ သူနည်းနည်းစားရင် အဆင်ပြေမှာပါ "

စွေ့တင်ချန်သည် ခဏလောက်စဉ်းစားလိုက်ပြီး မေးလိုက်၏။ "တကယ်အဆင်ပြေမှာလား "

"တကယ် အဆင်ပြေပါတယ်" ရွှီကျောက်က ထပ်ပြောလေ၏။

စွေ့တင်းချန်သည် စိတ်အေးသွားပြီး ဆိုလေ၏။ "ဒါဆို သူ့ကိုစားခိုင်းလိုက်ပါ "

ရွှီကျောက်သည် ရွှီဖန်ထိုင်နေသည့် ထိုင်ခုံကို ဆွဲယူလိုက်ပြီး ရွှီဖန်ကို သူ့ဘေးသို့ ဖြည်းဖြည်းချင်း ဆွဲလိုက်၏။ " စိတ်မဆိုးပါနဲ့ လှည့်ကြည့်ပါဦး။ မင်းအသားနည်းနည်းစားလို့ရတယ်" ဟု ပြောလိုက်၏။

ရွှီဖန်သည် စွေ့တင်းချန်ကို လှည့်ကြည့်လိုက်ပြီး စွေ့တင်းချန်က သူ့ကို နောက်ထပ်ပြန်ကြည့်ခြင်း သို့မဟုတ် အသားစားသည်ကို တားခြင်းကို မတွေ့လိုက်ရချေ။ ထို့ကြောင့် သူ ရွှီကျောက်ကို ဝမ်းသာအားရနှင့် ပြောလိုက်၏။ "ပါးပါး၊ သား အသားတုံးအကြီးကြီး လိုချင်တယ် "

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now