အခန်း(၁၁၈) မင်းက သူမဟုတ်ဘူး

3.5K 564 32
                                    


အခန်း(၁၁၈) မင်းက သူမဟုတ်ဘူး





ရှန့်ကျားယန်၏ မိသားစုသည် ကျန်းပင်းခရိုင် မြောက်ပိုင်းလမ်းတွင် နေထိုင်ကြသည်။ မြောက်ပိုင်းလမ်းသည် လွန်ခဲ့သော နှစ်နှစ်ခန့်က မြောက်ပိုင်းလမ်းဘက်တွင် ဆောက်လုပ်ခဲ့သော လမ်းသစ်တစ်ခုဖြစ်သည်။ လမ်းတစ်ခုလုံးသည် ကျယ်ဝန်းသန့်ရှင်းပြီး သက်၀င်လှုပ်ရှားသည်။ မွန်းလွဲပိုင်းဖြစ်သော်လည်း လမ်းသည် လူများနှင့် အသက်ဝင်နေဆဲဖြစ်သည်။


စွေ့တင်းချန်သည် ခင်းထားသောလမ်းပေါ်တွင် ကွေ့ပတ်မောင်းနှင်စဉ် အရှိန်လျှော့ခဲ့ရသည်။ သူသည် ထောင့်ချိုးနှစ်ခုကို ကွေ့ပြီး ခြံဝင်းငယ်တစ်ခုတွင် ရပ်လိုက်သည်။


ခြံဝင်းသေးသေးလေး၏ တံခါးသည် မပိတ်ထားချေ။ အတွင်းသို့ ကြည့်လိုက်လျှင် ခြံ၀င်းအလယ်တွင် တစ်ထပ်အိမ်သုံးလုံးကို မြင်နိုင်သည်။ ခြံဝင်းထဲတွင် ရာသီအလိုက် ပန်းပင်များနှင့် တခြားအပင်များလည်း စိုက်ထားသည်။ အရာအားလုံးသည် အလွန်အေးချမ်းနေပုံရသည်။


ဤသည်မှာ ရှန့်ကျားယန်၏အိမ်ဖြစ်၏။


စွေ့တင်းချန်သည် ကားကို ရပ်ကာ ဆင်းပြီး ခြံဝင်းငယ်ဆီသို့ လျှောက်သွားလေ၏။ သူ အထဲသို့မ၀င်ခင် အမျိုးသမီးတစ်ဦး ထွက်လာလေ၏။


အမျိုးသမီးသည် အရပ်မရှည်။ ဆံပင်သည် မီးခိုရောင် ဖြစ်နေသော်လည်း သူ့အသားအရည်သည် ကောင်းမွန်၏။ သူမသည် ရှန်ကျားယန်နှင့် အလွန်ဆင်တူသည်။ ဤသည်မှာ ရှန့်ကျားယန်၏အမေ ရှန့်မားမားဖြစ်လေသည်။


စွေ့တင်းချန် ပေါ်လာသည်ကိုမြင်ပြီး ပထမတော့ ရှန့်မားမား အံ့ဩသွားပြီး နောက်တော့ ပြုံးနေသည့်မျက်နှာနှင့် နှုတ်ဆက်လာလေ၏။ " တင်းချန်၊ မင်းရောက်လာတာပဲ "


စွေ့တင်းချန် ခေါင်းညိတ်ပြလိုက်၏။ " ကောင်းသောနေ့လည်ခင်းပါ အဒေါ်ရှန့် "

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now