အခန်း(၁၃၄) အတူတူအိပ်

3.5K 483 13
                                    


အခန်း(၁၃၄) အတူတူအိပ်

ခင်ဗျားက ဘယ်မှာအိပ်မလို့လဲ။


တကယ်တော့ ရွှီကျောက်သည် အများကြီးမတွေးမိခဲ့ချေ။ ပင်ပန်းနွမ်းနယ်နေစဉ် ကားမောင်းခြင်းသည် အန္တရာယ်များလွန်းသည်ဟု ရိုးရိုးရှင်းရှင်း ခံစားမိသော်လည်း စွေ့တင်းချန်ကို အထူးတလည်အကြည့်နှင့် ကြည့်လိုက်မိသောအခါမှာတော့ သူ့ နှလုံးသည် ခုန်သံစည်းချက်တစ်ချက်လွတ်သွားရလေတော့ကာ ချက်ချင်း စကားထစ်သွားလေ၏။ " ခင်ဗျား ဘယ်မှာ အိပ်ချင်လဲ"


အနည်းငယ် စိုးထိတ်နေပြီဖြစ်သော စွေ့တင်းချန်သည် ရွှီကျောက်ကို ဤကဲ့သို့မြင်ပြီးနောက်မှာတော့ ပို၍ပင် စိတ်ရှုပ်လာခဲ့လေကာ ထစ်ထစ်အအနှင့် " အိပ်- ဘယ်နေရာမှာမဆို အိပ်မှာပေါ့ "


ရွှီကျောက်သည် တစ်ခဏလောက် ဘာပြောရမှန်းမသိတော့ချေ။


စွေ့တင်းချန်သည် သူသဘောမတူဘူးဟု ထင်ပြီး သူ့နှာခေါင်းကို ထိလိုက်ပြီး ဆိုလေ၏။ "ကိုယ် သွားလိုက်တာ ပိုကောင်းမယ်..."


" မသွားပါနဲ့၊ ဒီမှာပဲ အိပ်လိုက်ပါ " ရွှီကျောက် ပြောလိုက်လေ၏။


စွေ့တင်းချန်သည် ရပ်သွားပြီး ရွှီကျောက်ကို ကြည့်လိုက်၏။


ရွှီကျောက်သည် ရွှီဖန် ဘက်လှည့်ပြီး ပြောလိုက်လေ၏။ " ရွှီဖန် ဘေးမှာ အိပ်လေ"


စွေ့တင်းချန်သည် တုန့်ဆိုင်းမနေတော့ဘဲ " ကောင်းပြီ "


ရွှီကျောက် သူ့မျက်လုံးများကို စွေ့တင်းချန်အား မော့ကြည့်လိုက်ပြီး သူ့မျက်လုံးများသည် စွေ့တင်းချန်ကို မြန်မြန်ပြန်ဖြေနေပုံရလေ၏။ စွေ့တင်းချန်သည် သူ့နှာခေါင်းကို ထပ်ထိလိုက်ပြီး ခပ်ဖျော့ဖျော့ ချောင်းဆိုးလိုက်ကာ ရှင်းပြလေ၏။ " လွန်ခဲ့တဲ့ လဝက်လောက်က မင်း နေမကောင်းတဲ့အချိန် ရွှီဖန်ကို ကိုယ်နဲ့အတူ ခေါ်သွားခဲ့တာပဲလေ။ ကိုယ် အိပ်တာ အကျင့်ဖြစ်နေပါပြီ။ ဒါဆို မင်း...အဲ့ဒါကို သိလား..."

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now