အခန်း(၁၄၀) အချပ်ပို-၂

2.8K 464 4
                                    


အခန်း(၁၄၀) အချပ်ပို-၂

ညီမလေးတစ်ယောက်လိုချင်တယ် - ဤသည်မှာ တကယ်ကို ခက်ခဲ၏။ ညီမလေးတစ်ယောက်ရနိုင်ခြေသည် ဘယ်လောက်နည်းသည်ဆိုသည်ကို မဆိုထားနှင့် ရွှီကျောက် ကိုယ်တိုင်တောင် ဤကမ္ဘာပေါ်ရှိ ယောက်ျားလေးများသည် ကလေးမွေးနိုင်သည်ဟု လက်ခံထားသော်လည်း၊ ရွှီဖန်တစ်ယောက်နှင့်ပင် စိတ်အနှောင့်အယှက်ဖြစ်နေပြီဖြစ်၏။ မင်းကဘာလို့ မင်းအတွက် ညီမလေးလိုချင်နေတာလဲ။ အပြစ်ရှိစိတ်ကော ရှိရဲ့လား။


သူ ခါးကိုင်းကာ ရွှီဖန်ကို ပွေ့ဖက်လိုက်ပြီး သူ့ကို နှစ်သိမ့်ပေးလိုက်ကာ၊ သရေစာဝယ်ဖို့ ငါးဆင့်ပေးလိုက်လေ၏။ ရွှီဖန်သည် သူ့ဝမ်းနည်းမှုနှင့် နာကျည်းမှုများကို သုတ်သင်ပြီး ပျော်ရွှင်မှုနှင့် ခြံထဲကနေ ပြေးထွက်သွားလေ၏။ ရွှီကျောက် ရယ်မောပြီး စွေ့တင်းချန်ကို လှည့်ကြည့်လိုက်လေ၏။ စွေ့တင်းချန်သည် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေ၏။


" ကျွန်တော် ဘာလုပ်ရမှာလဲ " ရွှီကျောက် မေးလိုက်၏။


စွေ့တင်းချန်က ပြုံးလျက် ဆိုလေ၏။ " အဲ့ဒါကကောင်းတယ်လို့ ကိုယ်ထင်တယ် "


" ဘာက ကောင်းတာလဲ "


" နောက်ထပ် သမီးတစ်ယောက်ယူတာလေ "


ရွှီကျောက် : "..."


စွေ့တင်းချန်က မေးလိုက်လေ၏။ " မင်း ဘယ်လိုထင်လဲ "


ရွှီကျောက်သည် ပြန်မဖြေခဲ့ချေ။


စွေ့တင်းချန်က ထပ်မေးလိုက်ပြန်လေ၏။ " ဇနီးလေး၊ မင်းဘယ်လိုထင်လဲလို့ "


" ခင်ဗျား သွားတော့ "


ရွှီကျောက် လှည့်ပြီး နံပါတ်တစ် ဟင်းသီးဟင်းရွက်ဖန်လုံအိမ်ဆီသို့ လျှောက်သွားလေ၏။ သူ စွေ့တင်းချန်နှင့် ဖြေရှင်းရန် ရည်ရွယ်ချက်မရှိသော်လည်း စွေ့တင်းချန်သည် ဘာမှမတောင်းဆိုဘဲ သူ့နောက်မှ လိုက်လာခဲ့လေ၏။ သူ ရွှီကျောက်၏ခါးကို လက်နှစ်ဖက်ဖြင့် လှမ်းဖက်လိုက်လေ၏။ ခြံထဲတွင် တစ်ယောက်ယောက်ကို တွေ့လိုက်သောအခါ၊ သူသည် ရွှီကျောက်၏ တင်ပါးကိုထိလိုက်ပြီးနောက် ရွှီကျောက်နှင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ၏ ကြီးထွားမှုကို စစ်ဆေးခဲ့လေသည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now