အခန်း(၁၀၅) အရသာရှိသော ကန်စွန်းဥ

3.2K 539 21
                                    


အခန်း(၁၀၅) အရသာရှိသော ကန်စွန်းဥ



"မင်္ဂလာပါ၊ ရွှီကျောက်ပါ။ ဘယ်သူလဲလို့ မေးလို့ရမလား " ရွှီကျောက် အသာပြုံးကာ ပြန်ဖြေလိုက်ပြီး မေးလိုက်၏။ အခြားတစ်ဖက်မှ ထွက်လာသော မရင်းနှီးသည့်အသံက ဆိုလေ၏။ " ကျွန်တော်က အနောက်စီရင်စုမြို့ရဲ့ နုန်ကျင်းဟင်းသီးဟင်းရွက်ဈေး ပထမဌာနခွဲက လောင်၀မ်ပါ"


လောင်၀မ်လား။


နုန်ကျင်း ဟင်းသီးဟင်းရွက်ဈေးလား။


အနောက်စီရင်စုမြို့ရဲ့ နုန်ကျင်းဟင်းသီးဟင်းရွက်ဈေးလား။


[TN : အနောက်စီရင်စုမြို့ကို မူရင်းတရုတ်မှာ ရှီကျိုး( 西州市 ) လို့ရေးထားပါတယ်။ ]



အနောက်စီရင်စုမြို့တွင် ဟင်းသီးဟင်းရွက်ဈေး မြောက်မြားစွာရှိခဲ့ပြီး ၎င်းတို့အနက် နုန်ကျင်း ဟင်းသီးဟင်းရွက်ဈေးသည် အကြီးဆုံးနှင့် အအောင်မြင်ဆုံးဖြစ်၏။ ရွှီကျောက်သည် နုန်ကျင်း ဟင်းသီးဟင်းရွက်ဈေးသို့ ဝင်ရောက်လိုသည်မှာ ကြာပြီဖြစ်သော်လည်း ဟင်းသီးဟင်းရွက်ဈေးတိုင်းတွင် ပုံသေ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူများနှင့် လက်ကားရောင်းချသူများရှိနေပြီးဖြစ်လေသည်။ ၀င်ရောက်ရန် ခက်ခဲလေသည်။


ဟင်းသီးဟင်းရွက်ဈေးထဲမှ တစ်ယောက်ယောက်သည် သူ့ကို အရင်ဖုန်းဆက်လာလိမ့်မည်ဟု မထင်ထားခဲ့ဖူးချေ။


ရွှီကျောက် ယဉ်ကျေးစွာနှင့် အမြန်ပြောလိုက်၏။ "မင်္ဂလာပါ သူဌေးဝမ်"


" သူဌေးရွှီ ခင်ဗျား ယဉ်ကျေးလွန်းနေပါပြီ "


ရွှီကျောက်သည် ညင်သာသောအသံနှင့် ဆိုလေ၏။ "သူဌေး၀မ်၊ ခင်ဗျား တစ်ခုခုအတွက် ကျွန်တော့်ကိုရှာနေတာလား"


"ကျွန်တော် ခင်ဗျားဆီက ဟင်းသီးဟင်းရွက်တွေ မှာယူချင်လို့ပါ " သူဌေး၀မ်က ပြတ်ပြတ်သားသား ဆိုလာလေ‌၏။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now