အခန်း(၄၇)

4.1K 681 9
                                    

အခန်း(၄၇)

ရွှီယို့ချန်း အဖမ်းခံရပြီ...

ဒီရလဒ်ကို သူ မျှော်မှန်းထားခဲ့သော်လည်း တကယ်ဖြစ်သွားခဲ့သည်။ ရွှီကျောက် အနည်းငယ် ထိတ်လန့်သွားဆဲဖြစ်ပြီး မေးလိုက်၏။ "အဲ့ဒါက ဘယ်တုန်းက ဖြစ်သွားတာလဲ "

"မနေ့ညက။ ရဲသုံးယောက်ရောက်လာတယ်လေ။ အဲ့ဒါ အရမ်းကြောက်စရာကောင်းတာပဲ။ သူတို့က စကားနည်းနည်းပြောပြီးတာနဲ့ သူ့ကို တိုက်ရိုက်ခေါ်သွားတာပဲ။ ရွှီဇွာချန်းက ပူးပေါင်းဆောင်ရွက်ခြင်းမရှိလို့ ရဲ ကန်တာတောင် ခံလိုက်ရသေးတယ် " ဟု ရွှီမားမားက တိုးတိုးလေးပြောပြလေ၏။

မနေ့ညက...ဆိုလိုတာက ရွှီကျောက် ရဲကိုခေါ်ပြီးတာနဲ့ ရဲတွေရောက်လာတာပင်။ သူတို့တွေသည် အတော်လေး လျင်လျင်မြန်မြန် လှုပ်ရှားခဲ့ကြသည်။ ဒီခေတ်၌ တခြားသူများကို နာကျင်အောင်လုပ်ခြင်းသည် အလွန်ပြင်းထန်သည့်ကိစ္စဖြစ်ကြောင်း သတိရလိုက်ပြီး ရွှီယို့ချန်းလိုမျိုး ကိစ္စများအတွက် သူ့ကို ရဲစခန်းတွင် အနည်းဆုံး ဆယ်ရက် ဆယ့်နှစ်ရက်လောက် ချုပ်ခံထားရဖွယ်ရှိလေ၏။ သူ သေချာပေါက် လတ်တလော ပြန်လာနိုင်လိမ့်မည် မဟုတ်ချေ။

အသေအချာပင်၊ ရွှီမားမားက လေးလေးနက်နက်ပြောသည်ကို ကြားလိုက်ရ၏။  “သူ အခုထိတော့ ပြန်မလာသေးဘူး”

"အင်း၊ သူခဏလောက်တော့ ပြန်မလာနိုင်ဘူး" ဟု ရွှီကျောက်က ပြောလိုက်၏။

"သူ အဲ့ဒီမှာကြာကြာနေပြီး သင်ခန်းစာသင်ယူနိုင်မယ်ဆိုရင် အကောင်းဆုံးပဲ " ရွှီမားမားက အနည်းငယ်ကျိန်ဆဲလိုက်ပြီးနောက် လှည့်လာကာ ပြောလိုက်၏။ "ဒါပေမယ့် မင်းရဲ့ဒုတိယမရီးက မင်းကိုရှာဖို့ အကြိမ်အနည်းငယ် လာပြီးသွားပြီ"

"ဘာလို့ ကျွန်တော့်ကို ရှာနေတာလဲ " ဟု ရွှီကျောက်က မေးလိုက်သည်။

"ရွှီယို့ချန်းအတွက် သက်ညှာမှုလျှောက်ထားဖို့ ပြောဖို့လေ " ဟု ရွှီမားမားက ပြောလိုက်သည်။ "မင်း သေချာပေါက် အဲဒါကို မလုပ်နိုင်ဘူး "

"ကျွန်တော့်မှာ ရဲက ကျွန်တော့်ရဲ့ လျှောက်ထားမှုကို နားထောင်လိမ့်မယ်ဆိုတဲ့ ဒီလောက်ကြီးကျယ်တဲ့ အရည်အချင်းတွေ ဘယ်မှာရှိနေလို့လဲ။ မား၊ ဒီအကြောင်းကို အခု မပြောပါရစေနဲ့တော့ " ရွှီကျောက်သည် ခြေလှမ်းနှစ်‌လှမ်းလောက် ရွှီမားမားဆီသို့ တိုးသွားကာ သူ့အသံကို လျှော့လိုက်ပြီး ပြောလိုက်၏။ "မား၊ မားမှာ အခု ငါးယွမ်လောက် ရှိလား ”

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now