အခန်း(၃၇) မြို့ထဲတွင်

4.5K 724 21
                                    

အခန်း(၃၇) မြို့ထဲတွင်

ခန့်မှန်း။

ထပ်ပြီး ခန့်မှန်းတာလုပ်ပြန်ပြီ။

စွေ့ချင်းဖုန့်သည် ယနေ့ခေတ် ဖျော်ဖြေသူတစ်ဦးမှ သေချာပေါက် ပိုင်ဆိုင်ထားသလို စကားတိုင်းကို "ခန့်မှန်းပါ" ဟု အဆက်မပြတ်ပြောနေခဲ့သည်။ လူကြီးတစ်ယောက်အနေဖြင့် ဤသို့ပျင်းစရာကောင်းသည်ကို လုပ်ခြင်းကိုရှာမတွေ့နိုင်ချေ။ ရွှီကျောက်သည် သူ့ကို လျစ်လျူရှုလိုက်ပြီး ရွှီဖန်၏ တင်ပါးသေးသေးလေးကို အသာအယာပုတ်လိုက်ကာ သူ့အောက်ခံဘောင်းဘီကူဝတ်ဖို့ သူ့အဖွားကိုရှာဖို့ သူ့ဘာသာသူ သက်ကယ်တဲလေးထဲသို့ သွားရန် ပြောလိုက်သည်။

ထို့ကြောင့် ရွှီဖန်သည် သူ၏ခြေထောက်တိုတိုလေးနှင့် ဖင်ပြောင်လေးနှင့် သက်ကယ်တဲသို့ ပြေးသွားလေ၏။ရွှီကျောက်သည် ရပ်နေခဲ့ကာ စွေ့ချင်းဖုန့်၏ ဖျော်ဖြေပွဲအတွက် မယဉ်ကျေးခဲ့ဘဲ စွေ့ချင်းဖုန့်၏လက်ထဲမှ စာရွက်နှစ်ရွက်ကို ဆွဲယူလိုက်၏။ "စာချုပ်" ဟူသော စကားလုံးကို မြင်လိုက်သောအခါ သူ့နှလုံးသားသည် ချက်ချင်းပင် တုန်လှုပ်သွားခဲ့၏။ စာချုပ်နှစ်ခုကို အပြီးအထိဖတ်ပြီးသည့်အခါ သူ့စိုးရိမ်ပူပန်စိတ်သည် တုန်လှုပ်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းသို့ ပြောင်းသွားလေ၏။ သူ စွေ့ချင်းဖုန့်ကို ကြည့်လိုက်ကာ မေးလိုက်၏။ "ဒီလကိတ်မုန့်ကို သံမဏိစက်ရုံနဲ့ စီးကရက်စက်ရုံက မှာထားတာလား"

"ဟုတ်တယ်၊ သူတို့က သံမဏိနဲ့ စီးကရက်စက်ရုံတွေဆီက လကိတ်မုန့်အမှာစာတွေပဲ" စွေ့ချင်းဖုန့်သည် နောက်ဆုံးတော့ စိတ်လှာပ်ရှားဖွယ်သရာပ်ဆော်နေခြင်းကို ရပ်တန့်လိုက်ပြီး သူ့မျက်နှာတွင် ထင်ရှားသည့်  စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေလေ၏။ "အစ်မယွင်က ဒါကို မင်းကို ပေးခိုင်းလိုက်တာ။ ဟားဟား မင်းက တကယ်ကို အံ့သြစရာကောင်းလွန်းတယ်"

"သူတို့အားလုံး လက်မှတ်ထိုးပြီး တံဆိပ်တုံးထုထားတာလား" ရွှီကျောက်သည် စာချုပ်များကို ပြန်ကြည့်ပြီး တိုးတိုးလေး မေးလိုက်၏။

"ဟုတ်တယ်၊ မင်းရဲ့ လက်မှတ်ကို စောင့်နေရုံပဲ" စွေ့ချင်းဖုန့်က ပြန်ပြောလေ၏။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Opowieści tętniące życiem. Odkryj je teraz