အခန်း(၁၃၃) ဘယ်မှာအိပ်ရမှာလဲ

3.3K 528 6
                                    


အခန်း(၁၃၃) ဘယ်မှာအိပ်ရမှာလဲ


စွေ့တင်းချန်သည် မလှုပ်မယှက်ဘဲ မျက်လုံးများနီရဲလာကာ သူ့အမြင်အာရုံများ မှုန်ဝါးသွားသည့်တိုင်အောင် ရွှီကျောက်ကို တည့်တည့်စိုက်ကြည့်နေလေ၏။ သူသည် ရွှီကျောက်ကို စိုက်ကြည့်နေဆဲဖြစ်လေကာ မျက်စိတမှိတ်အတွင်း နောက်တစ်ကြိမ် ပြန်အိပ်သွားမည်ကို စိုးရိမ်နေခဲ့လေ၏။


" ရှောင်ရှု " ရွှီကျောက် ထပ်ခေါ်လိုက်လေ၏။


ဤခေါ်သံကြောင့် စွေ့တင်းချန်သည် နိုးထလာလေ၏။ စွေ့တင်းချန်သည် ဖြည်းညှင်းစွာထ၍ ရွှီကျောက်၏ကုတင်ဆီသို့ တစ်လှမ်းချင်းလှမ်းကာ ရွှီကျောက်၏ဘေးသို့လျှောက်သွားပြီး ထထိုင်နေသော ရွှီကျောက်ကို ရုတ်တရက်ဖက်လိုက်လေကာ အက်ရှသောအသံနှင့် ခေါ်လိုက်၏။ " ရွှီကျောက် "


ရွှီကျောက်သည် အားနည်းစွာ ပြန်ထူးလာလေ၏။ "ရှောင်ရှု၊ ကျွန်တော်ပါ "


" ရွှီကျောက် "


" ရှောင်ရှု "


စွေ့တင်းချန်သည် သူ့ကိုယ်သူ စကားပြောနေပုံရလေ၏။ " ရွှီကျောက်၊ မင်းနောက်ဆုံးတော့ နိုးလာပြီ "


ရွှီကျောက်သည် ၎င်းကို ကြားပြီး ပြန်ဖြေလိုက်၏။ " ကောင်းပြီ၊ ကျွန်တော် နိုးလာပါပြီ "


ရွှီကျောက်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး ရွှီကျောက်၏ ခန္ဓာကိုယ်ပေါ်ရှိ အပူချိန်ကို ခံစားရကာ ရွှီကျောက်၏တုံ့ပြန်သံကို ကြားလိုက်ပြီး ‌စွေ့တင်းချန်သည် သူ အိပ်မက်မက်‌နေခြင်းမဟုတ်ကြောင်း သတိပြုမိလိုက်၏။ အိပ်မက်မက်နေတာမဟုတ်ဘူးပဲ။ ရွှီကျောက်ကို ပွေ့ဖက်ထားသော လက်နှစ်ဖက်ကို မထိန်းနိုင်တော့လေကာ တင်းကျပ်လာလေ၏။ ဤနည်းဖြင့်သာ ရွှီကျောက်သည် အစစ်အမှန်ဖြစ်သည်ကို သူသေချာသိနိုင်မည် ဖြစ်သော်လည်း သူ့ခွန်အားကို ထိန်းချုပ်ဖို့ မေ့သွားလေ၏။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now