အခန်း(၁၂၁) လေ့လာပြီး ဖြေရှင်း

3.1K 503 12
                                    

အခန်း(၁၂၁) လေ့လာပြီး ဖြေရှင်း





စွေ့ပါးပါး ပြန်ထွက်သွားလေ၏။


စွေ့တင်းချန်သည် နို့‌နွေးနွေးခွက်ကို ကိုင်ကာ အခန်းထဲပြန်ဝင်သွားကာ သူ့စာကြည့်စားပွဲဘေးတွင် ထိုင်နေခဲ့လေ၏။ စွေ့ပါးပါး၏ အတည်ပြုချက်ကြောင့် သူ့စိတ်ခံစားမှု၏ အရေးကြီးသောအချက်ကို သူရှာတွေ့နိုင်ခဲ့ပုံရသည်။ သူ့အတွေးများသည် တဖြည်းဖြည်း ကြည်လင်ရှင်းလင်းလာခဲ့လေ၏။


သူ့အကြည့်များသည် နို့ခွက်ဆီရောက်သွားပြီး သူ့အတွေးများက ရွှီဖန်ဆီသို့ တိတ်တဆိတ်ပြောင်းသွားလေ၏။ ရွှီဖန်... ရှုပ်ယှက်ခတ်နေသည့် နေ့တစ်နေ့ပြီးနောက်၊ နောက်ဆုံးတော့ သူ စိတ်တည်ငြိမ်သွားအောင်လုပ်နိုင်ခဲ့သည်။ သူ အကြောင်းအရာကိုချေဖျက်ပြီး ရွှီဖန်သည် သူ့သားဖြစ်ကြောင်းကို လက်ခံလိုက်လေသည်။


သူ့မှာ သားတစ်ယောက်ရှိတယ်။


သူ့မှာ သားတစ်ယောက်ရှိတယ်။


သားတစ်ယောက်တင်မဟုတ်ဘူး သူ့မှာ ဇနီးတစ်ယောက်လည်းရှိတယ်။


သူ့နှုတ်ခမ်းထောင့်များသည် ကော့ညွတ်သွားလေတော့၏။ သူ့နှလုံးသားသည် ချိုမြိန်မှုနှင့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားကာ သူ့တစ်ကိုယ်လုံးကို ဖြည်းညှင်းစွာ ပျံ့နှံ့သွားလေ၏။ သူသည် လုပ်ငန်းကြီးတစ်ခုကို စတင်လုပ်ကိုင်စဉ်ကထက်ပင် ယခုအချိန်၌ ပို၍ပျော်ရွှင်နေခဲ့လေသည်။


သူ့အပြုံးများအေးခဲမသွားခင် သုံးစက္ကန့်လောက်သာ သူပျော်နေခဲ့ရသည်။ ကြောက်ရွံ့မှုနှင့် အပြစ်ရှိမှုသည် သူ့ခန္ဓာကိုယ်အနှံ့ တဖန်ပျံ့နှံ့သွားပြန်လေ၏။ အံဆွဲထဲမှ Chienmen စီးကရက်ဘူးကို ယူရန် တွန်းလှန်နိုင်စွမ်းမရှိတော့ချေ။


စီးကရက်ဘူးကို ကိုင်လိုက်သည်နှင့် ရွှီဖန်ပြောဘိုက်သည့် "စွေ့အာ့ရယ်က နံတယ်၊ သား စွေ့အာ့ရယ်နဲ့ မကစားဘူး" ဆိုသည့် စကားကို ရုတ်တရက် တွေးမိလိုက်လေ၏။ သူ့လက် ခေတ္တရပ်သွားသော်လည်း Chienmen စီးကရက်ဘူးကို ယူလိုက်ပြီး ပင်မခန်းမရှိ စားပွဲဆီ ယူသွားလိုက်လေသည်။ သူ စွေ့ပါးပါးအား တစ်ယောက်ယောက်ကို ပေးခိုင်းလိုက်မည် သို့မဟုတ် မနက်ဖြန်ရောင်းခိုင်းလိုက်မည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now