အခန်း(၈၃) အအေးမမိစေနဲ့

3.4K 563 12
                                    

အခန်း(၈၃) အအေးမမိစေနဲ့

တကယ်ကို ရွှီဇွာချန်းပါပင်။ ရွှီဇွာချန်းသည် လွတ်လွတ်ကင်းကင်းကို မနေနိုင်ခဲ့ပါချေ။ ရွှီကျောက် သကျွမ်း၏အဖေကို မေးကြည့်လိုက်၏။ "သူ အပြင်သွားပြီး အလုပ်မလုပ်တော့ဘူးလား။ သူ ထပ်မသွားတော့ဘူးပေါ့ "

သကျွမ်း၏အဖေက ပြန်ဖြေလေ၏။ “သူတို့ပြောတာတော့ သူ့စက်ရုံက ရုတ်တရက်ကြီး အလုပ်ခန့်တာ ရပ်သွားတယ်တဲ့၊ ပြီးတော့ နှစ်ကုန်တုန်းကပဲ အလုပ်ခန့်လိုက်တာတဲ့။ အဲ့ဒါကြောင့် သူ ဖန်လုံအိမ်ဆောက်ချင်နေတာ ”

အလုပ်မခန့်တော့ဘူးလား။

ဒါဆို ရွှီဇွာချန်းက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က ဘယ်လိုဖြစ်ပြီး အရမ်းညစ်ညမ်းနေခဲ့တာလဲ။ အခုဆို သူ အိမ်မှာ ဖန်လုံအိမ်ဆောက်ရလောက်အောင် အရှက်မရှိတော့ဘူး။ ရွှီကျောက် ဆက်မေးလိုက်၏။  “ သူက ဘယ်နားမှာ ဆောက်မှာလဲ”

သကျွမ်း၏အဖေက ပြောလေ၏။ " လယ်ကွင်းထဲမှာ "

" လယ်ကွင်းထဲမှာ ဂျုံတွေစိုက်ထားတယ် မဟုတ်ဘူးလား "

“သူက ဖန်လုံအိမ်ဆောက်ဖို့ မူတစ်ဝက်ကို ရိတ်ချင်နေတာ။ စတီးပိုက်တွေမဝယ်ဘဲ သူ့ယောက္ခမရဲ့နေရာကနေ ဝါးတွေကို ယူလာတယ်။ သူ့ယောက္ခမဆီကနေ ပိုက်ဆံလည်းချေးခဲ့သေးတယ်”

သူတကယ်ကို ဒီလို အရှုပ်အထွေးတွေ ဖြစ်အောင် လုပ်နေတာပဲ။

ရွှီကျောက် ချက်ချင်း ပြောလိုက်၏။ "သူ ရူးနေပြီ။ သူ အခုအချိန် ဟင်းသီးဟင်းရွက်စိုက်ဖို့ ဂျုံကို ရိတ်တော့မယ်ပေါ့လေ။ သူ စိတ်လွတ်သွားပြီလား "

သကျွမ်း၏အဖေက ဆိုလေ၏။ " ဘယ်သူသိမလဲ "

ရွှီကျောက်က " တစ်ချက်လောက် သွားကြည့်ရအောင် "

ရွှီကျောက်နှင့် သကျွမ်း၏အဖေတို့သည် နန်၀မ်းရွာ၏ အနောက်ဂျုံစိုက်ခင်းသို့ အတူတကွသွားခဲ့ကြသည်။မျက်စိမြင်နိုင်လောက်အောင် ဂျုံများကြီးထွားလာနေပြီဖြစ်သည်။ အမှန်ပင် လူနှစ်ယောက်သုံးယောက်လောက်သည် ဂျုံကိုရိတ်နေကြလေ၏။ သူတို့ထဲတွင် ရွှီဇွာချန်းကလွဲ၍ အခြားမည်သူရှိပါ‌မည်နည်း။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now