အခန်း(၁၃၀) တာ၀န်များကို သယ်ဆောင်

2.9K 522 14
                                    


အခန်း(၁၃၀) တာ၀န်များကို သယ်ဆောင်


စွေ့တင်းချန်၏ ခေါ်သံကိုကြားပြီး ရွှီဖန်၏ငိုသံသည် အနည်းငယ် နှေးကွေးသွားလေသည်။


စွေ့တင်းချန်က ညင်သာစွာ ခေါ်လိုက်၏။ " ရွှီဖန် ဒီကိုလာခဲ့ "


ရှောင်ကျောက်သည် ရွှီဖန်ကို အောက်ချပေးလိုက်၏။


ရှောင်ကျောက်နှင့်ယှဉ်ပါက စွေ့တင်းချန်သည် သဘာ၀အားဖြင့် အနည်းငယ်ပိုနီးကပ်လေသည်။ ရွှီဖန်သည် စွေ့တင်းချန်၏ရှေ့သို့ တည့်တည့်လျှောက်လာပြီး သူ့မျက်နှာသေးသေးလေးတွင် မျက်ရည်များနှင့် နှပ်ချေးများဖြင့် ညစ်ပေနေပြီး ငိုယိုနေသည့်အတွက် စွေ့တင်းချန်အား စိတ်ဆင်းရဲသွားစေလေသည်။ သူ သူ့အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါတစ်ခုကို ယူထုတ်လိုက်ကာ ရွှီဖန်အား ညင်သာစွာ သုတ်ပေးလိုက်သည်။


ထိုအခါမှ ရှောင်ကျောက်က ရှေ့တိုးလာပြီး မေးလေ၏။ " ရွှီကျောက် ဘယ်လိုနေလဲ "


စွေ့တင်းချန်က အသံနိမ့်နိမ့်နှင့် ပြန်ဖြေလေ၏။ " အခုထိ မသိရသေးဘူး "


ရှောင်ကျောက်က ဆိုလေ၏။ " အဆင်ပြေမှာပါ "


စွေ့တင်းချန်သည် စကားမပြောခဲ့ချေ။ ရွှီကျောက် ဘယ်လိုဖြစ်နေခဲ့သလဲ သူမသိခဲ့ပါချေ။ သူသိတာအားလုံးသည် သူ့လက်ထဲတွင် ရွှီကျောက်ကိုပွေ့ချီပြီး ပြေးလာခဲ့ခြင်းပင်။ ရုတ်တရက် ငိုက်မျဉ်းနေသလိုမျိုး ရွှီကျောက်သည် လုံး၀အသံမထွက်ခဲ့‌ချေ။ ရွှီကျောက်တွင် မှတ်ဉာဏ်ပြဿနာရှိနေမည်ကို သူစိုးရိမ်နေပြီး အနာဂတ်တွင် သူဘာလုပ်ရမည်နည်း။


ဘာလုပ်ရမလဲ။


ထိုအချိန်တွင် ဆေးရုံခန်းတံခါးကိုဖွင့်လိုက်ရာ စွေ့တင်းချန်သည် အပြေးအလွှားသွားကာ ရွှီကျောက်သည် ဦးခေါင်းဒဏ်ရာ အနည်းငယ်မျှသာ ခံစားခဲ့ရကြောင်း၊ ဘာဆိုးဝါးဝါးမှ မဖြစ်ကြောင်းနှင့် မကြာမီနိုးလာလိမ့်မည်ဖြစ်ကြောင်း ဆရာဝန်ထံမှသိလိုက်ရလေသည်။ ရွှီဖန်သည် ဆေးရုံခန်းထဲသို့ ပြေးဝင်သွားကာ ရွှီကျောက်အနားတွင် ရပ်နေခဲ့ပြီး ရွှီကျောက် နိုးလာမည်ကို စောင့်နေလေသည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now