အခန်း(၄၈) အိမ်ဆောက်ခြင်း

4.4K 659 17
                                    

အခန်း(၄၈) အိမ်ဆောက်ခြင်း


ပြောင်းရွှေ့ကြမလား။ ရွှီပါးပါးနှင့် ရွှီမားမားတို့ အံ့အားသင့်သွားကြလေ၏။ လူကြီးနှစ်ယောက်သည် သူတို့ဘ၀၏ အချိန်အများစုကို ဤနေရာ၌ နေထိုင်ခဲ့ကြသည်။ မြက်တဲကနေ သက်ကယ်တဲလေးအထိ ကြွေပြားခင်းအိမ်အထိ တစ်သက်လုံးနေထိုင်လာခဲ့ကြခြင်းဖြစ်လေသည်။ နောက်ဆုံး ရွှီဇွာချန်းနှင့် သူ့ညီတို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးသည့်နောက် ဤခြံဝင်းလေးသို့ ပြန်လာခဲ့ကြသည်။ ဤမတိုင်ခင်ကအထိ သူတို့သည် ပြောင်းရွှေ့ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးကြချေ။

“ဘယ်ကို ပြောင်းရွှေ့မှာလဲ ” ရွှီမားမားက လန့်ဖျပ်သွားခဲ့ပြီး မေးလေသည်။

"ခရိုင်မြို့ ဒါမှမဟုတ် သကျွမ်းတို့အိမ်နားကို ပြောင်းရွှေ့ပါ" ဟု ရွှီကျောက်က ပြန်ဖြေလိုက်၏။

"ငါတို့လို ရွာသူရွာသားတွေက ခရိုင်မြို့ကို ဘယ်လိုပြောင်းရမှာလဲ " ရွှီမားမားက ခရိုင်မြို့ကိုပြောင်းရွှေ့ဖို့အတွက် နည်းနည်း ကြောက်နေခဲ့လေသည်။

ရွှီကျောက်သည် အနည်းငယ် နောက်ပြန်ဆုတ်ပြီး ပြောလိုက်၏။ "ဒါဆို ကျွန်တော်တို့ သကျွမ်းတို့ အိမ်ဘေးကို အရင်ပြောင်းရွှေ့နိုင်တယ် "

"သကျွမ်းတို့ အိမ်ဘေးက မြေက ပိုင်ရှင်မဲ့မြေလွတ်‌  ‌မြေရိုင်းပဲ" ဟု ရွှီမားမားက သတိပေးလေ၏။

"ဒါက ပြီးပြည့်စုံတယ်။ အဲ့ဒါက အိမ်ဆောက်ဖို့ အကောင်းဆုံးနေရာပဲ" ဟု ရွှီကျောက်က ဖြေလေ၏။

“ဒါပေမယ့် အိမ်တစ်လုံးဆောက်ဖို့အတွက်ဆို ပိုက်ဆံအများကြီးကုန်တယ်။ ငါတို့ …”

" မား၊ ကျွန်တော့်မှာ ပိုက်ဆံရှိပါတယ် "

"အိမ်တစ်လုံးဆောက်ဖို့ ပိုက်ဆံအများကြီးကုန်တယ်။ ဒါ့အပြင် မင်းအဖေ သေချာပေါက် သဘောတူမှာ မဟုတ်ဘူး။ သူ -"

ဘေးအိမ်မှ ကလေးများ အော်ဟစ်ငိုယိုသံများ အပြင် ရွှီဇွာချန်းနှင့် ရွှီမိသားစု၏ ဒုတိယမရီးတို့၏ ဆဲဆိုကြိမ်းမောင်းသံများ ထွက်လာသောအခါ ရွှီမားမားသည် စကားမပြောသေးဘဲ နေလိုက်သည်။ သူတို့သည် ဆဲဆိုကြိမ်းမောင်းဖို့ ဤနေရာကို မလာရဲကြသော်လည်း သူတို့ဘက်မှ သူတို့လုပ်ချင်သမျှ အားလုံးကို လုပ်နေခဲ့ကြသည်။ “မျိုးဆက် ၁၈ဆက်” သို့မဟုတ် “အမြစ်မှစ၍ ဆုံးမသွန်သင်ခြင်း” သို့မဟုတ် “ဆူပူကြိမ်းမောင်းခြင်းသည် သူတို့ကို ပိုမိုကောင်းမွန်စေမည်” ဟု ပြောဆိုနေလေသည်။ ၎င်းသည် ရွှီပါးပါးနှင့် ရွှီမိသားစု၏ ဘိုးဘေးများကို ဆူပူကြိမ်းမောင်းရန် ရွှီတဝါနှင့် ရွှီအာ့ဝါတို့ကို အသုံးပြုနေခြင်းမှာ ထင်ရှားလေသည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now