အခန်း(၁၃၉) အချပ်ပို-၁

3.1K 462 7
                                    

အခန်း(၁၃၉) အချပ်ပို-၁


မိုးကုပ်စက်ဝိုင်းပေါ် နေလုံးကြီးမပေါ်လာမီ နံနက်ခင်းစောစော၌ စွေ့တင်းချန်သည် နိုးလာသော်လည်း ချက်ချင်းအိပ်ယာထမည့်အစား ကုတင်ပေါ်တွင် လှဲလျောင်းနေကာ နူးညံ့သိမ်မွေ့စွာ အိပ်ပျော်နေသော ရွှီကျောက်ကို ကြည့်နေခဲ့လေ၏။


သူနှင့်ရွှီကျောက်သည် မင်္ဂလာပွဲမကျင်းပရသေးသော်လည်း လက်ထပ်စာချုပ်ကို ရရှိခဲ့ပြီးဖြစ်သည်။ ထို့အပြင် မင်္ဂလာပွဲကျင်းပမည့်ရက်ကို သတ်မှတ်ထားပြီး ဖြစ်သောကြောင့် သူသည် ရွှီကျောက်၏အိမ် ဒုတိယထပ်တွင် ရွှီကျောက်နှင့် အတူအိပ်စက်ကာ သူ့အား နေ့ရက်တိုင်းပျော်ရွှင်စေခဲ့သည်။


တစ်ခုတည်းသော ချို့ယွင်းချက်မှာ ရွှီဖန်သာဖြစ်လေသည်။


ရွှီဖန်သည် ရွှီကျောက်ကို အလွန်ကပ်တွယ်လွန်းသူဖြစ်၏။ သူသည် ညတိုင်း ရွှီကျောက်နှင့်အတူ အိပ်လေ့ရှိသည်။ သူ ဆေးကြောပြီးသည်နှင့် အပေါ်ထပ်သို့ တက်ကာ ဒုတိယထပ်ရှိအိပ်ယာပေါ်တွင် ထိုင်ကာ ရွှီကျောက်ကို စောင့်နေလေသည်။ ညလယ်တွင် သူတို့နှစ်ဦး၏ အိပ်ယာပေါ်လှုပ်ရှားမှုကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။ ထို့ကြောင့် ညတိုင်း စွေ့တင်းချန်သည် အိပ်ပျော်နေသည့် ရွှီဖန်ကို အောက်ထပ်သို့ သယ်သွားရလိမ့်မည်ဖြစ်ပြီး ရွှီဖန်ကို တစ်ယောက်တည်း အိပ်ခိုင်းလေ၏။


ရွှီဖန် နိုးလာသည့်အချိန်တိုင်း ပထမဆုံးလုပ်သည်မှာ သူသည် ရွှီကျောက်ကိုရှာဖို့ ဒုတိယထပ်သို့ တက်လာခြင်းဖြစ်သော်လည်း စွေ့တင်းချန်သည် ရွှီကျောက်နှင့်နေနိုင်ရန် တစ်စက္ကန့်ရလျှင် တစ်စက္ကန့်ယူကာ ရွှီကျောက်၏ခါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူပျော်ရွှင်နေစဉ်မှာပဲ တံခါးအပြင်ဘက်မှ ရွှီဖန်၏နို့သံလေး ရုတ်တရက်ထွက်လာသည်ကို ကြားလိုက်ရလေသည်။


" ပါးပါး၊ ပါးပါးကြီး "


ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now