အခန်း(၄၄) ရန်ပွဲ

3.8K 613 6
                                    

အခန်း(၄၄) ရန်ပွဲ

ဒီလိုအချိန်မျိုးမှာ ဘယ်သူဖြစ်နိုင်မလဲ။

ရွှီကျောက်၊ ရွှီမားမားနှင့် ရွှီပါးပါး၊ အပြင် ရွှီဖန်တောင်မှ ခြံဝင်းလေး၏ တံခါးကို စူးစူးရဲရဲစိုက်ကြည့်နေခဲ့လေသည်။ တောက်ပသည့် သြဂုတ်လ 15 ရက်နေ့၏ လရောင်ကို ငှားရန်းရင်း ပထမဆုံးမြင်လိုက်ရသည်မှာ ရွှီတဝါနှင့် ရွှီအာ့ဝါတို့၏ မျက်နှာများကိုပင်။ ရွှီကျောက်နှင့် တခြားလူသုံးယောက်တို့၏ မျက်နှာများမှ ပျော်ရွှင်မှုများသည် ချက်ချင်းအေးခဲ့သွားလေတော့၏။ ရွှီဇွာချန်းနှင့် ရွှီယို့ချန်းတို့ ပေါ်လာသောအခါ ရွှီကျောက်နှင့် အခြားလူသုံးယောက်တို့သည် မပျော်ရွှင်မှုများကို ပြသပြီး ဖြစ်လေသည်။

"အမေ၊ အဖေ၊ ပျော်ရွှင်စရာ ဆောင်းဦးလလယ်ပါ "   ရွှီဇွာချန်းနှင့် ရွှီယို့ချန်းတို့က ယဉ်ယဉ်ကျေးကျေး ပြုံးပြီး အတူတကွ နှုတ်ဆက်မှု ပြုလာကြလေသည်။

“မင်းတို့ ဒီကို ဘာလို့ ရောက်နေတာလဲ ” ဟု ရွှီမားမား က အံကြိတ်ပြီး မေးလိုက်၏။

"အမေနဲ့ အဖေကိုတွေ့ဖို့ ကျွန်တော်တို့လာခဲ့တာ" ရွှီဇွာချန်းက ပြုံးလျက် ဆက်ပြောလေ၏။

“ငါတို့က မင်းတို့လာလည်ဖို့ မလိုပါဘူး” ဟု ရွှီမားမားက တိုက်ရိုက်ငြင်းလိုက်ပြီး သူမ၏ သဘောထားသည်  အလွန်တင်းမာနေခဲ့လေ၏။

သို့သော်လည်း ရွှီဇွာချန်းသည် မကြောက်ဟန်ဖြင့် ခြံဝင်းထဲသို့ လမ်းလျှောက်သွားရင်း ဆက်၍ အရှက်မဲ့စွာ ပြုံးနေခဲ့သည်။

ရွှီယို့ချန်း၏ အကြည့်သည် မွှေးကြိုင်သော ဟင်းပွဲများကို စိုက်ကြည့်ရင်း စားပွဲငယ်လေးပေါ်သို့ ရောက်နေပြီဖြစ်သည်။

ရွှီတဝါနှင့် ရွှီအာ့ဝါတို့သည် စားပွဲငယ်လေးဆီသို့ လျှောက်လာရင်း ပိုလို့တောင်မှ မနာလိုမှုများနှင့် ပြည့်နှက်နေခဲ့သည်။

ရွှီကျောက်သည် ချက်ချင်းပင် ရွှီမားမားကို အကြည့်တစ်ခုပေးလိုက်၏။

ရွှီမားမားသည် ချက်ခြင်းသဘောပေါက်သွားလေသည်။ သူမသည် ငုံ့ကာ စားပွဲသေးသေးလေးတစ်ခုလုံးကို မလိုက်ပြီး ဘာမှမပြောဘဲ မီးဖိုချောင်ဆီသို့ လျှောက်သွားခဲ့လေ၏။ ရွှီတဝါနှင့် ရွှီအာ့ဝါတို့သည် ရွှီမားမားနောက်သို့ လိုက်သွားကြကာ ရွှီကျောက်သည် ရွှီဖန်ကို အမြန်ကောက်ချီလိုက်ပြီး ပြောလိုက်၏။  “ဆန်းဝါ၊ ပါးပါးတို့ လက်ဆေးကြရအောင် " ထို့နောက်သူသည် သူ့ကိုယ်ခန္ဓာနှင့် ရွှီဖန်၏ခန္ဓာကိုယ်ကို အသုံးပြုပြီး ရွှီတဝါနှင့် ရွှီအာ့ဝါတို့၏ လမ်းကို ပိတ်ဆို့လိုက်လေသည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now